Preview

ထိုင်းဘုရင်က ဝန်ကြီးချုပ်ဟောင်း သက်ဆင်အား ထောင်ဒဏ် ၈ နှစ်မှ ၁ နှစ်သို့ ပြစ်ဒဏ်လျှော့ချပေး

စက်တင်ဘာ ၀၁/ ၂၀၂၃ | ကြည့်ရှုသူ :610
နိုင်ငံတကာ သတင်း

ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်အပေါ် ချမှတ်ထားသည့် ထောင်ဒဏ် ၈ နှစ် ပြစ်ဒဏ်ကိုထိုင်းဘုရင်မင်းမြတ်ထံ အသနားခံစာ တင်သွင်းပြီးနောက် ဘုရင်မင်းမြတ်ကထောင်ဒဏ် ၁ နှစ်သို့ ပြစ်ဒဏ်လျှော့ပေါ့သတ်မှတ်ပေးလိုက်သည်ဟု သိရှိ၇သည်။

ယနေ့စက်တင်ဘာလ ၁ ရက်နေ့ ထုတ်ပြန်သော ဘုရင့်ပြန်တမ်းအ၇ သက်ဆင်၏ ပြစ်ဒဏ်ကို လျှော့ပေးလိုက်ခြင်းဖြစ်သည်။

အသက်၇၄ နှစ်အရွယ်ရှိ ဝန်ကြီးချုပ်ဟောင်း သက်ဆင်သည် အာဏာအလွဲသုံးစားပြုမှုနှင့်  အကျိုးစီးပွား ပဋိပက္ခစွဲချက်များကြောင့် ပြည်ပတွင် ၁၅ နှစ်ကြာ တိမ်းရှောင်နေခဲ့ပြီးနောက်ပြီးခဲ့သည့် တစ်ပတ်က ထိုင်းနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။

ဘန်ကောက်မြို့သို့ကိုယ်ပိုင်ဂျက်လေယာဉ်ဖြင့် ပြန်လည်ရောက်ရှိလာပြီးနောက် ထောင်ဒဏ်၈ နှစ်ပြစ်ဒဏ်ကျခံရန် သူ့အား အကျဉ်းထောင်သို့ လွှဲပြောင်းပေးခဲ့သည်။

ထောင်သို့ရောက်ရှိသည့်ညမှာပင် ရက်ဘတ်အောင့်ခြင်း နှင့် သွေးတိုးရောဂါကြောင့်ရဲဆေးရုံသို့ ထပ်မံပို့ဆောင်ပေးခဲ့၇သည်။

ကြာသပတေးနေ့ကသက်ဆင်သည် ထိုင်းဘုရင်မင်းမြတ်ထံ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးရန်အသနားခံစာ တင်သွင်းခဲ့သည်။

" သက်ဆင်ဟာဝန်ကြီးချုပ်ဟောင်းတစ်ဦးဖြစ်ခဲ့ပြီး တိုင်းပြည်နဲ့ လူမျိုးအတွက် အလုပ်အကျွေးပြုခဲ့သူ ဖြစ်တယ်။သူဟာ တော်ဝင်မင်းမြတ်အပေါ် သစ္စာစောင့်သိသူလည်းဖြစ်တယ်။ သူဟာ တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို လက်ခံပြီး အပြစ်ကိုဝန်ခံခဲ့သူဖြစ်တယ်။ အခုချိန်မှာ သူဟာအသက်အရွယ် ကြီးရင့်နေပြီး ရောဂါဝေဒနာလည်းရှိလို့ ဆေးကုသမှုခံယူနေရတယ်” ဟု ထိုင်းဘုရင်က ထုတ်ပြန်သည့် တော်ဝင်ပြန်တမ်းတွင် ဖော်ပြထားသည်။

ဘုရင့်ပြန်တမ်းအရသက်ဆင်သည် ထောင်ဆေးရုံတွင် ကုသမှုခံယူရင်း ပြစ်ဒဏ် တစ်နှစ်ကျခံ၇ဦးမည်ဖြစ်သည်။

 NN-27

ref:CAN

#ထိုင်းနိုင်ငံရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.