အဆိုပါပေါက်ကွဲမှုမှာ ယနေ့နံနက် (၁၀) နာရီခန့်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
အဆိုပါ စက်လှေမှာဘင်္ဂလားပင်လယ်ပြင်တွင် ငါးဖမ်းပြီး ပြန်အလာ ရပ်နားနေချိန် ဟင်းချက်ရာမှပေါက်ကွဲ ခြင်းဖြစ်ပြီး ဒဏ်ရာရသူများကို အနီးအနားရှိ စက်လှေများမှ ကယ်တင်ခဲ့၇သည်ဟုဖလောင်းချိတ်မြို့ အမှ(၂) မြို့နယ် အုပ်ချုပ်ရေးမှူးရေးမှ ပြောကြောင်း Samakalသတင်းတွင်ဖော်ပြထားသည်
ဒဏ်ရာ၇သူများမှာ စက်လှေပဲ့နင်းဒူလာလ် (၃ရ)နှစ်၊ ရှော်ဖိက် (၂၇)နှင့် ဒီလ်အာဟ်မတ် (၃၄) နှစ် အပါအဝင် စုစုပေါင်း (၁၁) ဦးဖြစ်ပြီးသူတို့ကို ဖလောင်းချိတ် ဆေးရုံနှင့် စစ်တကောင်း ဆေးရုံများကိုပို့ဆောင်ထား သည် ဟု သိရှိ၇သည်။
“ဟင်းအိုးကို ပြန်နွှေးရာမှရုတ်တရက် ပေါက်ကွဲတဲ့အတွက် ကျွန်တော်အပါအဝင် ၁၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။တချို့ဆို ဒဏ်ရာပြင်းထန်တဲ့အတွက် စစ်တကောင်းဆေးရုံကို ပို့ထား၇ပါတယ်။”ဟု စက်လှေပဲ့နင်းဖြစ် အဒူ လာလ်က ပြောသည်။
လက်ရှိအချိန်ပင်လယ်ပြင်တွင် ငါးသလောက် ဖမ်ဆီးရရှိမှုများနေသည့်အတွက် ရေလုပ်သားများတွက်ခြေကိုက်နေကြောင်း သိရှိ၇သည်။