Preview

စင်္ကာပူ UOB ဘဏ်က မြန်မာဘဏ်များနှင့် ငွေကြေးဆက်သွယ်မှုအားလုံး ဖြတ်တောက်လိုက်ပြီ

စက်တင်ဘာ ၀၃/ ၂၀၂၃ | ကြည့်ရှုသူ :1234
နိုင်ငံတကာ သတင်း

( Visa နှင့်Master ကဒ်များငွေသွင်း ငွေထုတ် ရပ်တန့်)

စက်တင်ဘာလ(၁)ရက်နေ့မှစ၍စင်္ကာပူနိုင်ငံ United Overseas Bank (UOB) ဘဏ်သည် မြန်မာနိုင်ငံရှိဘဏ်များနှင့်ငွေကြေးဆက်သွယ်ဆောင်ရွက်မှုအားလုံး ဖြတ်တောက်လိုက်ပြီဟုသိရှိ၇သည်။

ယူအိုဘီဘဏ်သည်မြန်မာနိုင်ငံမှ ငွေစာရင်းများ၏ ငွေဝင်ငွေထွက်အားလုံးကို ထိန်းချုပ်လိုက်ခြင်း ဖြစ်ပြီးထိုအထဲတွင် ဗီဇာ၊ မာစတာကတ်များ ငွေလွှဲပြောင်းထုတ်ယူခြင်းလည်း ပါဝင်သည်။

နိုင်ငံတကာကမြန်မာဘဏ်များအပေါ် ပစ်မှတ်ထား ပိတ်ဆို့အရေးယူမှုတွင် စင်္ကာပူ ယူအိုဘီ ဘဏ်ကလည်း ပူးပေါင်းပါဝင်လာသဖြင့် မြန်မာစစ်ကောင်စီကိုဘဏ္ဍာရေးအ၇ များစွာထိုးနှက်မှု ဖြစ်စေခဲ့သည်ဟု စင်္ကာပူအခြေစိုက် စီအန်အေ သတင်းဌာနက ဆိုသည်။

စင်္ကာပူUOB ဘဏ်သည်များမကြာသေးမီကလည်း ယူအိုဘီတွင်စာရင်းဖွင့်ထားသော မြန်မာနိုင်ငံတကာလေကြောင်းလိုင်းပိုင် ငွေစာရင်း ငါးခုကို ပိတ်ပင်ခဲ့သည်။

မြန်မာနိုင်ငံတကာလေကြောင်းလိုင်းသည် စစ်ကောင်စီက ပိုင်ဆိုင်သော လေကြောင်းလိုင်းဖြစ်သည်။

ယူအိုဘီကမြန်မာဘဏ်များနှင့် အဆက်အသွယ်ဖြတ်တောက်လိုက်သည့်နည်းတူ အခြားသော ဘဏ်များကလည်းဖြတ်တောက်လာနိုင်သည့်အတွက် မြန်မာစစ်ကောင်စီ၏ ပြည်ပ ငွေယူလုပ်ငန်းကိုအကြီးအကျယ် ထိခိုက်နစ်နာစေမည်ဟု သိ၇သည်။

“ နိုင်ငံတကာပိတ်ဆို့အရေးယူမှုတွေကြောင့် မြန်မာပြည်မှာ အရေးပေါ်အချက်ပေးသံတွေမြည်နေပါပြီ။ စစ်ဗိုလ်ချုပ်တွေအတွက် ပြည်ပက လက်နက်နဲ့အခြားပစ္စည်းတွေဝယ်ဖို့ တစ်နေ့တခြား အခက်တွေ့လာနေပါပြီ”ဟု ကာတင် တက္ကသိုလ် စီးပွါးရေး နှင့် ဥပဒေဌာနမှ နိုင်ငံတကာစီးပွါးရေးတွဲဖက်ပါမောက္ခ ဒေါက်တာထွေးထွေးသိန်းက ပြောသည်။

မြန်မာစစ်တပ်သည်အပြစ်မဲ့ အရပ်သားများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများပြုလုပ် နေသည့်တွက် နိုင်ငံတကာ၏ ပြစ်တင်ရှုတ်ချမှုနှင့် ရင်ဆိုင်နေ၇သည်။

ပြီးခဲ့သည့်လကလည်း အမေရိကန်ပြည်ထောင်စုသည် မြန်မာနိုင်ငံသို့ လေယာဉ်ဆီ တင်သွင်းနေသည့်ကုမ္ပဏီများ နှင့် လူပုဂ္ဂိုလ်များကို အရေးယူပိတ်ဆို့လိုက်ကြောင်းကြေညာခဲ့သည်။

အလားတူအမေရိကန်သည် မြန်မာနိုင်ငံ၏ အဓိက နိုင်ငံခြားကုန်သွယ်မှုဘဏ် နှစ်ခုကိုအရေးယူပိတ်ဆို့ခဲ့သည်။

NN-27

ref:CNA

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.