Preview

ယူကရိန်းသမ္မတဇီလန်းစကီးက ကာကွယ်ရေးဝန်ကြီးအား ရာထူးမှ ထုတ်ပယ်

စက်တင်ဘာ ၀၄/ ၂၀၂၃ | ကြည့်ရှုသူ :1254
နိုင်ငံတကာ သတင်း

ယူကရိန်းသမ္မတဇီလန်းစကီးက ကာကွယ်ရေးဝန်ကြီး ရက်ဇ်နီကော့ဗ်အား ရာထူးမှ ထုတ်ပယ်လိုက်ကြောင်းကြေညာခဲ့သည်။

ရက်ဇ်နီကော့ဗ်သည်၂၀၂၂ခုနှစ်၊ ရုရှားတို့က ယူကရိန်းအား ကျူးကျော်မှု မစတင်မီအချိန်ကပင် ယူကရိန်းကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

 သမ္မတဇီလန်းစကီး ညစဉ်ပြောကြားသည့် မိန့်ခွန်းများတွင် ကာကွယ်ရေးဝန်ကြီးဌာနကိုပုံစံသစ်ဖြင့် ချဉ်းကပ်ရန် အချိန်ကျနေပြီဟု ပြောဆိုခဲ့ပြီးနောက်ယခုကဲ့သို့ ရာထူးအပြောင်းအလဲ ပေါ်ထွက်လာခြင်း ဖြစ်သည်။

 

ရဇ်နီကော့ဗ်၏နေရာတွင် နိုင်ငံတော်ပိုင်ဆိုင်မှု ရန်ပုံငွေဌာနအကြီးအကဲ ရပ်စ်တမ်အူမေရော့ဗ်နှင့် အစားထိုးရန် လျာထားသည်ဟု သိရှိ၇သည်။

 

“ ကာကွယ်ရေးဝန်ကြီးဌာနကိုချဉ်းကပ်မှုပုံစံသစ် အပါအဝင် စစ်ဘက်အရပ်ဘက် အပြန်အလှန် ထိတွေ့မှုရှိတဲ့အခြားပုံစံသစ်တွေနဲ့ ပြောင်းလဲဖို့ လိုနေပြီလို့ ယုံကြည်တယ်”ဟုဇီလန်းစကီးက မိန့်ခွန်းထဲတွင် ပြောကြားခဲ့သည်။

 

ထုတ်ပယ်ခံရသောကာကွယ်ရေးဝန်ကြီး ရက်ဇ်နီကော့ဗ်သည် လန်ဒန်တွင် ယူကရိန်းဆိုင်ရာသံအမတ်ကြီးအဖြစ် ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ရဖွယ်ရှိသည်ဟု ယူကရိန်းမီဒီယာများကခန့်မှန်းကြသည်။

 

အသက်၅၇ နှစ်အရွယ်ရှိ ရက်ဇ်နီကော့သည် ယူကရိန်းစစ်ပွဲ စတင်ကတည်းက လူသိများ ထင်ရှားလာခဲ့သူဖြစ်သည်။

 

ယူကရိန်း၏အနောက်အုပ်စုမဟာမိတ်နိုင်ငံများ နှင့် ကျင်းပပြုလုပ်သည့်အစည်းအဝေးများသို့ ပုံမှန်တက်ရောက်ခဲ့သူဖြစ်ပြီး စစ်လက်နက်ပစ္စည်းရရှိရေးအတွက် အကျိုးဆောင်ပေးခဲ့သူအဖြစ် နိုင်ငံတကာက အသိအမှတ်ပြုခံ၇သူဖြစ်သည်။

 

ရက်ဇ်နီကော့ရာထူးမှဖယ်ရှားခံရတော့မည်ဟု လွန်ခဲ့သည့်ရက်များကတည်းက သတင်းထွက်နေပြီး သူကိုယ်တိုင် အခြားရာထူး တစ်ခုအတွက် သမ္မတနှင့်တွေ့ဆုံပြောဆိုမှု ရှိခဲ့သည်ဟုသတင်းထောက်များကို ပြောကြားခဲ့သည်။

 

ယခုကဲ့သို့အစိုးရအဖွဲ့တွင်း အပြောင်းအလဲပြုလုပ်မှုက ယူကရိန်းစစ်မြေပြင်၏ မဟာဗျူဟာကို အကြီးအကျယ် ပြောင်းလဲစေလိမ့်မည် မဟုတ်ဟုကျွမ်းကျင်သူများက ဆိုသည်။

 

 ရက်ဇ်နီကော့ဗ်ထုတ်ပယ်ခံရခြင်းမှာ ဇီလန်းစကီးအစိုးရအဖွဲ့အတွင်း အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးကိုကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေချိန်တွင်ပေါ်ပေါက်လာခြင်းဖြစ်သည်။

 

ရက်ဇ်နီကော့ဗ်ကိုယ်တိုင်အကျင့်ပျက်ခြစားမှုဖြင့် စွပ်စွဲမခံရသော်လည်း ကာကွယ်ရေး ဝန်ကြီးဌာနအတွင်းစစ်တပ်အတွက် လိုအပ်သော ကုန်စည်များ နှင့် လက်နက်ကိရိယာများဝယ်ယူရာတွင် မတန်တဆ ဈေးနှုန်းဖော်ပြမှုအပါအဝင် အခြားခြစားမှုပြဿနာများစွာရှိနေသည်ဟု သိရှိ၇သည်။

 

NN-27

ref:BBCWorld/AFP

#နိုင်ငံတကာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.