သောကြာ၊ မေလ ၁၇ရက်၊ ၂၀၂၄

မြောက်ကိုးရီးယားခေါင်းဆောင် ကင်မ်ဂျုန်းအွန် သမ္မတပူတင်နှင့်လက်နက်ကိစ္စ တွေ့ဆုံဆွေးနွေးရန် ရုရှားသွားမည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၅ စက်တင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 740

မြောက်ကိုးရီးယားခေါင်းဆောင် ကင်မ်ဂျုန်းအွန်သည် ယခုလအတွင်း သမ္မတပူတင်နှင့် တွေ့ဆုံဆွေးနွေးရန် ရုရှားသို့သွားရောက်မည်ဟု သိရှိရသည်။

ယူကရိန်းစစ်ပွဲတွင် ရုရှားက လိုအပ်နေသည့် စစ်လက်နက်ပစ္စည်းများ မြောက်ကိုးရီးယားက ထောက်ပံ့ပေးရေးကိစ္စ နှစ်နိုင်ငံခေါင်းဆောင်များ ဆွေးနွေးကြဖွယ်ရှိသည်ဟု အမေရိကန်အရာရှိတစ်ဦး၏ ပြောကြားချက်ကို အခြေခံ၍ စီဘီအက်စ် သတင်းဌာနက ကြေညာခဲ့သည်။

ကင်ဂျုန်းအွန် နှင့် ပူတင်တို့ မည်သည့်နေရာတွင် တွေ့ဆုံကြမည်ကို အတိအကျမသိရသေးသော်လည်း နယူးယောက်တိုင်းသတင်းစာ၏ ဖော်ပြချက်အရ ဗလာဒီဗော့တော့ ဆိပ်ကမ်းမြို့တွင် တွေ့ဆုံဖွယ်ရှိသည်ဟု သိရသည်။

ကင်ဂျုံးအွန်သည် ရုရှားနိုင်ငံသို့ ကျည်ကာရထားဖြင့် သွားရောက်ဖွယ်ရှိသည်ဟု ဆိုသည်။ အမေရိကန်အိမ်ဖြူတော်က ရရှိသော သတင်းများအရ ရုရှား နှင့် မြောက်ကိုးရီးယားတို့အကြား ပူးပေါင်းဆောင်ရွက်မှု အလျင်အမြန်တိုးတက်လာပြီးနောက် ယခုကဲ့သို့ ခေါင်းဆောင်ချင်း တွေ့ဆုံမှု ဖြစ်ပေါ်လာခြင်းဖြစ်သည်ဟု ဆိုသည်။



အမေရိကန် အမျိုးသားလုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂီ ရှိုအီဂူ ၏ မကြာမီက သွားရောက်ခဲ့သည့် မြောက်ကိုးရီးယား ခရီးစဉ်အတွင်း မြောက်ကိုးရီးယားက ရုရှားနိုင်ငံသို့ အမြောက်ကျည်ဆံ နှင့် လက်နက်ခဲယမ်းပစ္စည်းများ ရောင်းချပေးရန် တောင်းဆိုမှုပြုလုပ်ခဲ့သည်ဟု ဆိုသည်။

ရုရှားကာကွယ်ရေးဝန်ကြီး၏ ခရီးစဉ်အတွင်း မြောက်ကိုးရီးယားသည် ၄င်းတို့ ထုတ်လုပ်ထားသည့် ဟွာဆောင်း တိုက်ချင်းပစ် ဒုံးပျံကို ပထမဦးဆုံးအကြိမ် ထုတ်ဖော်ပြသခဲ့သည်။

ထိုအချိန်မှစ၍ ကင်ဂျုန်းအွန် နှင့် ပူတင်တို့အကြား အပြန်အလှန်ဆက်ဆံမှု နှင့် နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်ရေး တိုးတက်လာခဲ့သည်ဟု ဆိုသည်။

 

NN-27

ref:BBCWorld

 

 

ဆက်စပ် သတင်းများ