အင်္ဂါ၊ မေလ ၁၄ရက်၊ ၂၀၂၄

ဂျပန်နိုင်ငံက လကမ္ဘာစူးစမ်းလေ့လာရေး ဂြိုလ်တုကို အောင်မြင်စွာ ပစ်လွှတ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ စက်တင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 708

ဂျပန်နိုင်ငံက လကမ္ဘာစူးစမ်းလေ့လာရေး ဂြိုလ်တုတစ်လုံးကို စက်တင်ဘာလ (၇)ရက်နေ့တွင် ကမ္ဘာပတ်လမ်းကြောင်းအတွင်းသို့ အောင်မြင်စွာ ပစ်လွှတ်နိုင်ခဲ့ပြီဟု သိရသည်။

ယခင် ပစ်လွှတ်မှု နှစ်ကြိမ်စလုံး အောင်မြင်မှုမရဘဲ ပေါက်ကွဲခဲ့သော်လည်း ယခုတစ်ကြိမ်တွင်မူ ဂျပန်တို့ အောင်မြင်စွာ ပစ်လွှတ်နိုင်ခဲ့ခြင်းဖြစ်သည်။

ဂျပန်နိုင်ငံက ယခုပစ်လွှတ်လိုက်သည့် လကမ္ဘာစူးစမ်းလေ့လာရေး ယာဉ်ငယ် လကမ္ဘာပေါ်သို့ အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့လျှင် ဂျပန်နိုင်ငံသည် အမေရိကန်၊ ရုရှား၊ တရုတ်၊ အိန္ဒိယ တို့ပြီးလျှင် လကမ္ဘာပေါ် သို့ ဆင်းသက်နိုင်သည့် ပဉ္စမနိုင်ငံ ဖြစ်လာမည်ဖြစ်သည်။

အိန္ဒိယနိုင်ငံသည် မကြာသေးမီက ချန်ဒရာယန်း-၃ အာကာသယာဉ်ကို လကမ္ဘာပေါ်သို့ စေလွှတ်ပြီး ဆင်းသက်ခဲ့သည်။ ကြာသပတေးနေ့ နံနက်စောစောပိုင်းက ဂျပန်တောင်ပိုင်း တာနီဂါရှီးမား ဒုံးပျံပစ် စခန်းမှ H-2A ဒုံးပျံပစ်လွှတ်လိုက်ပုံကို လူပေါင်း ၃၅၀၀၀ က အွန်လိုင်းမှတစ်ဆင့် ကြည့်ရှုခဲ့ကြသည်

ဂျပန်တို့လွှတ်တင်လိုက်သည့် လကမ္ဘာစူးစမ်းရေး Moon Sniper လဆင်းယာဉ်ငယ်သည် ၂၀၂၄ နှစ်ဦးပိုင်းတွင် လကမ္ဘာပေါ် ဆင်းသက်မည်ဖြစ်သည်။


အမေရိကန်နှင့် ဥရောပအာကာသအေဂျင်စီတို့၏ အကူအညီဖြင့် တည်ဆောက်ခဲ့သည့် XRISM
အာကာသလေ့လာရေးဂြိုလ်တုနှင့် SLIM လဆင်းယာဉ်ငယ်တို့ အောင်မြင်စွာ ခွဲထွက်သွားပုံကို ထိန်းချုပ်ရေးစခန်းမှ မြင်တွေ့ရပြီး လက်ခုပ်လက်ဝါးတီးကာ အောင်ပွဲခံခဲ့ကြသည်။

ရာသီဥတု ဆိုးရွားမှုကြောင့် ဒုံးပျံပစ်လွှတ်မှုကို သုံးကြိမ်တိုင်တိုင် ရွှေ့ဆိုင်းခဲ့ရသည်ဟု သိရသည်။

ဂျပန်တို့၏ လဆင်းယာဉ်ငယ် SLIM ( Smart Lander for Investigating Moon) ကို မွန်းစနိုက်ပါ( Moon Sniper) ဟု အမည်ပေးထားပြီး လ မျက်နှာပြင်၏ မီတာ ၁၀၀ ဝန်းကျင်အတွင်း အတိအကျ ဆင်းသက်နိုင်သည်ဟု သိရသည်။

ဂျပန်အာကာသ အေဂျင်စီ JAXA က “ SLIM လဆင်းယာဉ်ငယ်ကို ဖန်တီးလိုက်ခြင်းအားဖြင့် လူသားတွေအနေနဲ့ အရင်လို အဆင်ပြေတဲ့နေရာမှာ ဆင်းတာမျိုး မဟုတ်တော့ဘဲ အတိအကျနေရာ သတ်မှတ်ပြီး ဆင်းသက်နိုင်ပြီဖြစ်တယ်။ လကမ္ဘာသာမက အခြားဂြိုလ်တွေပေါ်ကိုလည်း ဆင်းသက်နိုင်မှာဖြစ်တယ်ဟု ပြောကြားခဲ့သည်။

NN-27
ref:CAN

ဆက်စပ် သတင်းများ