ပြီးခဲ့သည့်ဇူလိုင်လမှ စ၍ တစ်နေ့ ရေနံစိမ်းစည် တစ်သန်း လျှောချထုတ်လုပ်လာခဲ့သောဆော်ဒီအာရေဗျအနေဖြင့် လာမည့်သုံးလ (၂၀၂၃၊ဒီဇင်ဘာလကုန်အထိ)ကာလအထိ ထုတ်လုပ်မှုကို ဆက်လက်လျှော့ချထုတ်သွားမည်ဟု စွမ်းအင်ဝန်ကြီးဌာနကကြေညာခဲ့သည်။
ရုရှားနိုင်ငံကလည်း၄င်း၏ တစ်နေ့ လျှင် ရေနံစိမ်းစည် ၃၀၀၀၀၀ ထုတ်လုပ်မှုနေမှုကိုအဆိုပါကာလအထိ ဆက်လက် လျှော့ချသွားမည်ဟု ဒုတိယဝန်ကြီးချုပ်အလက်ဇန္ဒား နိုဗက်က ကြေညာခဲ့သည်။
အဆိုပါသတင်းများကြောင့်ရေနံစိမ်းဈေးနှုန်းမှာ နိုဝင်ဘာလ နောက်ပိုင်း အမြင့်ဆုံးအဖြစ်တစ်စည်လျှင် ဒေါ်လာ ၉၀ အထိ ရောက်ရှိလာခဲ့သည်။
ကမ္ဘာပေါ်တွင်ရေနံစိမ်းအများဆုံး ထုတ်လုပ်တင်ပို့သည့် ဆော်ဒီအာရေဗျသည် ၂၃နိုင်ငံပါဝင်သောရေနံထုတ်လုပ်တင်ပို့သောနိုင်ငံများ နှင့် မဟာမိတ် (OPEC+ Alliance) အဖွဲ့၏ဇွန်လအစည်းအဝေးပြီးကတည်းက ထုတ်လုပ်မှုကို လျှော့ချခဲ့သည်။အဆိုပါအဖွဲ့တွင် ရုရှားကလည်း ပါဝင်သည်။
ဩဂုတ်လအစောပိုင်းကထုတ်ပြန်ခဲ့သည့်ကြေညာချက်တွင် လျှော့ချထုတ်လုပ်မှုကို စက်တင်ဘာလနှင့် နောက်ပိုင်းအထိပြုလုပ်မည်ဟုသာ ပါဝင်ခဲ့သော်လည်း ယခုကြေညာချက်အရယခုနှစ်ကုန်အထိ လျှော့ချရန်သေချာသွားပြီဖြစ်သည်။
ထုတ်လုပ်မှုဆက်လက်လျှော့ချရေး သို့မဟုတ် တိုးမြှင့်ထုတ်လုပ်ရေးကို လစဉ်သုံးသပ်ပြီးဆုံးဖြတ်သွားမည်ဟု ဆော်ဒီစွမ်းအင်ဝန်ကြီးဌာန၏ ကြေညာချက်တွင်ဖော်ပြထားသည်။
အိုပက်နှင့်မဟာမိတ်နိုင်ငံများအဖွဲ့သည် ပြီးခဲ့သည့်နှစ် အောက်တိုဘာလမှစ၍ရေနံထုတ်လုပ်မှုကိုတစ်နေ့ စည် ၂ သန်းထိ လျှော့ချရန် ဆုံးဖြတ်ခဲ့ကြသည်။
အဆိုပါဆုံးဖြတ်ချက်ကြောင့်အမေရိကန်ပြည်ထောင်စုက လုံခြုံရေးမိတ်ဖက် ဆော်ဒီအာရေဗျအား(ယူကရိန်းစစ်ပွဲတွင် ရုရှားဘက်က ပါဝင်ရပ်တည်မှုအတွက်) ဒေါသပေါက်ကွဲခဲ့၇သည်။
NN-27
ref:the daily star/ Photo: CNN