မြန်မာ့အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်တွင် သွေးလွန်တုပ်ကွေးကြောင့်လွန်ခဲ့သည့်၂၄နာရီအတွင်း ၁၇ ဦး ထပ်မံသေဆုံးခဲ့ပြီးနောက်ယခုနှစ်အတွင်းသေဆုံးသူအရေအတွက်မှာ ၈၃၉ ဦးအထိ တိုးလာသည်ဟု UNB သတင်းဌာနက ဖော်ပြသည်။
ယမန်နေ့ တနင်္လာနေ့အထိ၂၄ နာရီအတွင်း သွေးလွန်တုပ်ကွေးကြောင့် သေဆုံးသူ ၁၇ ဦး ထပ်မံရှိခဲ့ပြီးဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် ခြင်ကြောင့်ဖြစ်သော သွေးလွန်တုတ်ကွေးရောဂါကြောင့် ယခုနှစ် ၂၀၂၃ ခုနှတွင် သေဆုံးသူ ၈၃၉ဦးအထိ တိုးမြင့်လာခဲ့သည်။
ဗိုင်းရပ်စ်အဖျားရောဂါကြောင့်နောက်ထပ်လူနာ ၃၀၈၄ ဦးကို ဆေးရုံတင်လိုက်၇ပြီး လက်ရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်သွေးလွန်တုတ်ကွေးကြောင့် နိုင်ငံတစ်ဝှမ်းရှိ ဆေးရုံများတွင် ဆေးရုံတက် ကုသနေ၇သူမှာ ၁၀,၀၃၂ဦးရှိကြောင်း ကျန်းမာရေးဝန်ဆောင်မှုဌာန(DGHS) ကိုးကားပြီး အဆိုပါ သတင်းဌာနက ဖော်ပြသည်။
လူနာသစ်များအနက်၈၉၄ ဦးကို ဒါကာရှိ ဆေးရုံများသို့ ပို့ဆောင်ခဲ့ပြီး လက်ရှိ ဒက္ကားမြို့ ဆေးရုံများတွင် သွေးလွန်တုပ်ကွေးလူနာ၃၈၆၁ ဦးမှာ ကုသမှုခံယူလျက်ရှိသည်ဟု ဆိုသည်။
ယခုအချိန်အထိ ဘင်္ဂလားဒေ့ရှ်တွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ၁၇၀,၇၆၈ဦး၊ ပြန်လည် ကောင်းမွန်သူ ၁၅၉,၈၉၇ဦးရှိပြီး ယခုစက်တင်ဘာလပထမနှစ်ပတ်အတွင်း ခြင်ပေါက်ဖွားသော သွေးလွန်တုတ်ကွေးကြောင့် နိုင်ငံတစ်ဝှမ်းတွင်လူ ၁၇၄ ဦး သေဆုံးခဲ့သည်ဟု သိ၇သည်။ (NN-30)
Ref: Dhaka Tribune