ကနေဒါအစိုးရကအိန္ဒိယ ထိပ်တန်းထောက်လှမ်းရေးအရာရှိ တစ်ဦးအား နိုင်ငံမှ နှင်ထုတ်လိုက်ပြီးနာရီပိုင်းအကြာတွင် အိန္ဒိယနိုင်ငံကလည်း လက်တုန့်ပြန်သည့် အနေဖြင့်အိန္ဒိယရှိ ကနေဒါ သံအမတ်ကြီးအား ခေါ်ယူတွေ့ဆုံပြီးငါးရက်အတွင်း နိုင်ငံမှ ထွက်ခွာသွားရန် နှင်ထုတ်လိုက်သည်ဟုသိရှိ၇သည်။
ကနေဒါအစိုးရသည်ဆစ်ခ် ခွဲထွက်ရေးခေါင်းဆောင်တစ်ဦး ကနေဒါတွင် သတ်ဖြတ်ခံ၇သည့် ကိစ္စနှင့်ပတ်သက်၍အိန္ဒိယအစိုးရ ထောက်လှမ်းရေး လက်ချက်ဖြစ်သည်ဟုစွပ်စွဲကာ အိန္ဒိယသံအမတ်အား နိုင်ငံမှ နှင်ထုတ်ခဲ့ခြင်းဖြစ်သည်။
အိန္ဒိယနှင့် ကနေဒါနိုင်ငံအကြား ဆစ်ခ်ခေါင်းဆောင် လုပ်ကြံခံ၇မှုကို အကြောင်းပြု၍တင်းမာမှုများ မြင့်တက်နေပြီး ကနေဒါအစိုး၇သည် ဗြိတိသျှကိုလံဘီယာတွင်ဇွန်လက ဖြစ်ပေါ်ခဲ့သည့် လုပ်ကြံမှုနှင့် ပတ်သက်၍ ခိုင်မာသည့်သက်သေပြချက်ရရှိအောင် ကြိုးပမ်းလျှက် ရှိနေသည်။
အိန္ဒိယအစိုးရသည်နယူးဒေလီရှိ ကနေဒါသံအမတ်ကြီးအား ခေါ်ယူတွေ့ဆုံပြီး နိုင်ငံမှထွက်ခွာသွား ရန် အမိန့်ပေးခဲ့သည်ဟုနိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
“ ဒီဆုံးဖြတ်ချက်ဟာစိုးရိမ်စရာ ဖြစ်လာနေတဲ့ ကနေဒါသံတမန်တွေရဲ့ အိန္ဒိယပြည်တွင်းရေးဝင်ရောက်စွက်ဖက်မှု နဲ့ အိန္ဒိယဆန့်ကျင်ရေးလှုပ်းရှားမှုတွေအပေါ်အိန္ဒိယအစိုးရရဲ့ တုန့်ပြန်မှုပါပဲ”“ လာမယ့်ငါးရက်အတွင်း သက်ဆိုင်တဲ့ သံတမန်တွေအားလုံး နိုင်ငံက ထွက်ခွါသွားဖို့ညွှန်ကြားထားပါတယ်” ဟု အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောဆိုခဲ့သည်။
NN-27
Ref: Financial Express