ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့စ်ဘဇားခရိုင်၊ အိုကီးယားမြို့နယ်ရှိမြန်မာနိုင်ငံက ထွက်ပြေးလာသည့် မွတ်ဆလင် ဒုက္ခသည်များနေထိုင်သည့် ဘာလုခါလီစခန်းတွင်ခေါင်းဆောင်တစ်ဦး ဓါးဖြင့် ခုတ်သတ်ခံခဲ့ရသည်ဟု သတင်းရရှိသည်။
အသတ်ခံ၇သူမှာ မိုဟာမက် အယုဘ် (၃၅ နှစ်) ဖြစ်ပြီး ၎င်းသည် စခန်းထဲမှ ခေါင်းဆောင်တစ်ဦးဖြစ်သည်။၎င်းအခင်းသည် ယမန်နေ့ (အင်္ဂါနေ့) နေ့လယ်က စခန်းအမှတ်Block-H/56 တွင်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု သိ၇သည်။
ဘင်္ဂလားဒေ့ရှ် လက်နက်ကိုင်ရဲတပ်ရင်း (APBn-8) တပ်မှူး (DIG) အာမီယာ ဇာဖာက အဆိုပါ လူသတ်မှုကို ဘင်္ဂလာ မီဒီယာများသို့ အတည်ပြုခဲ့သည်။
“ သူက စခန်းထဲမှာ အာဆာရဲ့ ရာဇဝတ်မှုတွေကျူးလွန်နေတောကို ပြောဆိုနေသူဖြစ်တယ်။ သူ့ကို အာဆာ အဖွဲ့ဝင်တွေက သတ်ခဲ့တာ ဖြစ်နိုင်တယ်။ လူသတ်သမားတွေကို ဖမ်းဖို့ အခု စစ်ဆင်ရေးတွေ လုပ်နေတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
၎င်းဘာလုခါလီ စခန်းတွင်နေထိုင်သူ အာလီဟူစိန်က အသတ်ခံခဲ့ရသည့် မိုဟာမက် အယုဘ်သည် စခန်းတွင်းရှိ အာဆာများ၏ရာဇဝတ်မှုများအား ဆန့်ကျင်ပြောဆိုသူဖြစ်ပြီး ယခင်က အာဆာ အကြမ်းဖက်အဖွဲ့၏ သတ်ပစ်မည်ဟုခြိမ်းခြောက်မှုကို ခံခဲ့၇သူတစ်ဦးဖြစ်ကြောင်း ပြောကြားခဲ့သည်။
“ရာဇဝတ်ဂိုဏ်းတော်တော်များများကို အာဆာက စခန်းမှာလှုပ်ရှား ကျူးလွန်နေကြတယ်။ တယောက်ပြီး တယောက် လူသတ်မှုတွေ ကျူးလွန်နေကြတယ်” ဟု သူက ဆက်ပြောသည်။
NN-30
Ref: Dhaka Tribune