Preview

ရုရှားသမ္မတ ပူတင် နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ လာမည့် အောက်တိုလတွင် ဘေဂျင်းမြို့၌ တွေ့ဆုံမည်

စက်တင်ဘာ ၂၀/ ၂၀၂၃ | ကြည့်ရှုသူ :1241
နိုင်ငံတကာ သတင်း

ရုရှသမ္မတ ပူတင် နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ လာမည့် အောက်တိုဘာလအတွင်းတရုတ်နိုင်ငံ၊ ဘေဂျင်းမြို့၌ တွေ့ဆုံကြမည်ဖြစ်ကြောင်း ရုရှနိုင်ငံက စက်တင်ဘာ ၁၉ရက်နေ့တွင် ထုတ်ပြန် ကြေညာလိုက်သည်။

 

ပူတင်၏ ယခုခရီးစဉ်မှာ နိုင်ငံတကာ ရာဇဝတ်တရားရုံး( ICC)က ယူကရိန်းမှ ကလေးသူငယ်များအား ရုရှားသို့ အတင်းအကြပ် ပြန်ပို့ခဲ့မှုဖြင့်ပူတင်အား ဖမ်း၀ရမ်းထုတ်ခဲ့ပြီးနောက်ပိုင်း ပထမဦးဆုံး ပြည်ပခရီးစဉ်ဖြစ်သည်။

 

ရုရှားလုံခြုံရေးကောင်စီအတွင်းရေးမှုး နှင့် ပူတင်၏ အနီးကပ်မဟာမိတ် နီကိုလိုင်ပါထရူရှက်ဗ်က အနောက်အုပ်စုက ၎င်းတို့ နှစ်နိုင်ငံအား ပိတ်ဆို့ရန်ကြိုးပမ်းနေသည့်အချိန်တွင်တရုတ်နှင့် ရုရှားကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် ရည်ရွယ်သည်ဟု ဆိုသည်။

 

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရီ မော်စကိုသို့ လာရောက်ကာ တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့အပြီး ပူတင်၏ ယခု တရုတ်ခရီးစဉ်တွင် နှစ်နိုင်ငံကြားပူးပေါင်းဆောင်ရွက်ရေး အသေးစိတ်ဆွေးနွေးကြမည်ဟု အင်တာဖက်စ် သတင်းဌာနက ဖော်ပြသည်။

 

ပြီးခဲ့သည့် မတ်လက မော်စကိုသို့ သွားရောက်ခဲ့သည့် ရှီကျင့်ဖျင်၏ ခရီးစဉ်အတွင်းဖိတ်ကြားချက်အရ တတိယအကြိမ် ခါးပတ်တစ်ကွင်း၊ လမ်းတစ်စင်း(Belt and Road Forum) ညီလာခံသို့ သမ္မတ ပူတင် တက်ရောက်မည်ဖြစ်သည်။

 

ထိုခရီးစဉ်မတိုင်မီ ရက်ပိုင်းအတွင်း နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC)သည် သမ္မတပူတင်အား ရာပေါင်းများစွာသော ကလေးသူငယ်များကို ယူကရိန်းမှရုရှားသို့ တရားမဝင် ပို့ဆောင်မှု စွပ်စွဲချက်ဖြင့် ဖမ်း၀ရမ်းထုတ်ပြန်ခဲ့သည်။

 

ရုရှားက အိုင်စီစီ၏ စွပ်စွဲချက်များကို ငြင်းပယ်ထားပြီး ထိုကိစ္စမှာ အနောက်အုပ်စု၏ရုရှားအပေါ် ရန်လိုမှုသက်သက်သာ ဖြစ်သည်ဟုဆိုကာ တရားစွဲဆိုခဲ့သော အိုင်စီစီဥပဒေအကျိုးဆောင်များနှင့် ဖမ်း၀ရမ်းထုတ်ခဲ့သော တရားသူကြီးများကို ရာဇဝတ်မှုဖြင့်ပြန်လည်တရားစွဲဆိုခဲ့သည်။

 

လွန်ခဲ့သည့် တစ်နှစ်ကျော်က ရုရှားက ယူကရိန်းအား ကျူးကျော်စစ်ပွဲဆင်နွှဲခဲ့ပြီးချိန်မှစ၍ရုရှား နှင့် အနောက်ဥရောပနိုင်ငံများအကြား ဒုတိယကမ္ဘာစစ်နောက်ပိုင်း အပြင်းထန်ဆုံးပဋိပက္ခ ဖြစ်ပေါ်လျှက်ရှိသည်။

 

ထိုအခြေအနေတွင် ပူတင်က တရုတ်ကို မျက်နှာမူ ချဉ်းကပ်လာရသလို ရှီကျင့်ဖျင်ကလည်းပူတင် နှင့် ကျောချင်းကပ်ထား၇သည်။ ယ

 

ယူကရိန်းကျူးကျော်စစ်စတင်ချိန်မှစ၍ တရုတ်-ရုရှားကုန်သွယ်ရေး မြင့်တက်လာခဲ့ပြီး ရုရှားသည်အနောက်အုပ်စု၏ ပိတ်ဆို့ ခံရမှုကြောင့် ရေနံအမြောက်အများ တရုတ်သို့ တင်ပို့ရောင်းချခဲ့သည်။

 

ပူတင်သည် တရုတ်နိုင်ငံသို့ ယူကရိန်းအား မကျူးကျော်မီ ရက်ပိုင်းအလို ၂၀၂၂ခုနှစ်ဖေဖော်ဝါရီလက နောက်ဆုံး သွားရောက်လည်ပတ်ခဲ့ပြီး ရှီကျင့်ဖျင် နှင့် "အကန့်အသတ်မဲ့ ပူးပေါင်းဆောင်ရွက်မှု " ကို ပူးတွဲကြေညာခဲ့ကြသည်။

NN-27

Ref:cna

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.