သောကြာ၊ မေလ ၁၇ရက်၊ ၂၀၂၄

အဇာဘိုင်ဂျန်တပ်များက နာဂါနို ကရာဘက်ဒေသကို ဒုတိယနေ့ ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ စက်တင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 839

အဇာဘိုင်ဂျန်တပ်များသည် နာဂါနို ကရာဘက်ဒေသရှိ ခွဲထွက်ရန်ကြိုးစားနေသော အာမေးနီးယား လက်နက်ကိုင်တပ်များကို ဒုတိယနေ့အဖြစ် ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်လျှက်ရှိပြီး အကြမ်းဖက်သမားများ လက်နက်မချမချင်း တိုက်ခိုက်မှု ဆက်လက်ပြုလုပ်သွားမည်ဟု ပြောကြားလိုက်သည်။

 

နိုင်ငံတကာက အဇာဘိုင်ဂျန်၏ အစိတ်အပိုင်းတစ်ခုအဖြစ် အသိအမှတ်ပြုထားသော တောင် ကော့ကေးရှပ်​ဒေသတွင် လပေါင်းများစွာ တင်းမာမှုမြင့်တက်နေခဲ့သည်။

 

အဇာဘိုင်ဂျန်နှင့် အာမေးနီးယားတို့သည် လွန်ခဲ့သည့် သုံးနှစ် (၂၀၂၀)က စစ်ဖြစ်ခဲ့ကြသည်။

 

အဇာဘိုင်ဂျန် ကာကွယ်ရေးဝန်ကြီးဌာန၏ ဗုဒ္ဓဟူးနေ့ မနက်ပိုင်း သတင်းထုတ်ပြန်ချက်အရ အာမေနီးယားလက်နက်ကိုင်အဖွဲ့၏ စစ်မော်တော်ယာဉ်များ၊ အမြောက်လက်နက်မများနှင့် လေယာဉ်ပစ်အမြောက်ခန်းများကို ဖျက်ဆီးပစ်နိုင်ခဲ့သည်ဟု သိသည်။

 

နာဂါနို ကရာဘက်ဒေသ အာဏာပိုင်များက အဇာဘိုင်ဂျန်တပ်များ ထိုးစစ်ဆင်ချိန်မှ စ၍ အရပ်သား နှစ်ဦး အပါအဝင် လူပေါင်း ၂၇ ဦး သေဆုံးပြီး အမြောက်အများဒဏ်ရာရသည်ဟု ဆိုသည်။



 အဇာဘိုင်ဂျန်နှင့် အာမေးနီးယားတို့သည် ဆိုဗီယက်ပြိုကွဲအပြီး ၁၉၉၀ ပြည့်လွန်နှစ်များက စစ်ပွဲဖြစ်ခဲ့ပြီး ၂၀၂၀တွင် နာဂါနို ကရာဘက်ဒေသအား အဇာဘိုင်ဂျန်က ပြန်လည်ထိန်းချုပ်စဉ် နှစ်ဘက် တိုက်ခိုက်မှုများထပ်မံဖြစ်ပွါးသဖြင့် ရုရှားက ကြားဝင်ကာ စစ်ပြေငြိမ်းရေး စာချုပ် ချုပ်ဆိုခဲ့ရသည်။

 

ရုရှားနိုင်ငံခြားရေးဝန်ကြီးရော အမေရိကန်နိုင်ငံခြားရေးဝန်ကြီးကပါ နှစ်ဖက်တပ်များ အပစ်အခတ် ရပ်စဲကြရန် တောင်းဆိုထားသည်။ ၂၀၂၀ စစ်ပွဲပြီးကတည်းက အဆိုပါဒေသတွင် ရုရှားငြိမ်းချမ်းရေးထိန်းသိမ်းရေးတပ် အင်အား ၂၀၀၀ ချထားသော်လည်း ယူကရိန်း စစ်ပွဲဖြစ်ပွါးပြီးနောက် ရုရှားက ထိုဒေသကို အာရုံစူးစိုက်မှု မရှိတော့ပေ။

 

အာမေးနီးယားမျိုးနွယ်စု ၁၂၀၀၀၀ နေထိုင်သော တောင်ထူထပ်သည့် အဆိုပါဒေသနှင့် အာမေးနီးယား ဆက်သွယ်ထားသည့် တစ်ခုတည်းသောလမ်းကို အဇာဘိုင်ဂျန်တပ်များက (၇)လကြာ ပိတ်ဆို့ထားခဲ့သည်။

 

အင်္ဂါနေ့မနက်ပိုင်းက ရဲအရာရှိ လေးဦးအပါအဝင် လူခြောက်ဦး သေဆုံးသွားရသည့် မိုင်းခွဲတိုက်ခိုက်ခံရမှုကို တုန့်ပြန်သည့်အနေဖြင့် ယခုလို စစ်ဆင်ရေးပြုလုပ်ရခြင်းဖြစ်သည်ဟု အဇာဘိုင်ဂျန်က ပြောသည်။

NN-27

Ref:BBCWorld

ဆက်စပ် သတင်းများ