Preview

ခြောက်လအတွင်း ဆေးခြောက် အလွယ်တကူသုံးစွဲခွင့်ကို ပိတ်ပင်မည်ဟု ထိုင်းဝန်ကြီးချုပ် ထာ့ဝီဆင် ပြောကြား

စက်တင်ဘာ ၂၂/ ၂၀၂၃ | ကြည့်ရှုသူ :1235
နိုင်ငံတကာ သတင်း


ထိုင်းဝန်ကြီးချုပ် ထာ့ဝီဆင်က ထိုင်းနိုင်ငံအတွင်း အလွယ်တကူ သုံးစွဲခွင့်၇သော ဆေးခြောက် သုံးစွဲခွင့်ဥပဒေကို ပြန်လည်သုံးသပ်ပြီး ခြောက်လအတွင်း ပိတ်ပင်တားမြစ်သွားမည်ဟု ဘလွန်းဘတ် သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားလိုက်သည်။

ထိုင်းနိုင်ငံသည် ၂၀၂၂ ခုနှစ်အတွင်း ဆေးခြောက်ကို မူးယစ်ဆေးဝါးစာရင်းမှ ပယ်ဖျက်ခဲ့သည့် တစ်ခုတည်းသော အာရှနိုင်ငံဖြစ်ပြီး ဆေးကုသရန်ရည်ရွယ်ချက်ဖြင့် ဆေးခြောက်သုံးစွဲမှုကို ခွင့်ပြုခဲ့သည်။

ထိုအချိန်မှစ၍ ထိုင်းနိုင်ငံတစ်ဝန်းတွင် ဆေးခြောက်ရောင်းသည့်ဆိုင် အမြောက်အများ ပေါ်ထွက်လာခဲ့သည်။

ထိုင်းအစိုးရသည် အတည်ပြုထားသော ဆေးခြောက်သုံးစွဲခွင့် နှင့် အလွယ်တကူ ရောင်းဝယ် နေကြသည့် ဆေးခြောက်ဆိုင်များ တိုးပွားလာနေမှုကို ခြောက်လအတွင်း ပြန်လည်သုံးသပ်ပြီး ပိတ်ပင် သွားမည်ဟု ဘလွန်းဘတ် ရုပ်သံနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ထိုင်းဝန်ကြီးချုပ် ထာ့ဝီဆင်က ပြောကြားခဲ့သည်။

" ဒီ ဥပဒေကို အသစ်ပြန်ရေးဖို့ လိုပါတယ်။ ဥပဒေကို ပြန်သုံးသပ်ပြီး ဆေးဝါးအလို့ငှာ သုံးစွဲဖို့ပဲ ခွင့်ပြုတော့မှာ ဖြစ်တယ်။ တခြားနည်းနဲ့ သုံးစွဲခွင့် ပေးမှာ မဟုတ်တော့ပါဘူး" ဟု ထာ့ဝီဆင်က ဆိုသည်။

ထာ့ဝီဆင်က (၁၁)ပါတီ ညွန့်ပေါင်းအဖွဲ့သည် ဆေးခြောက်သုံးစွဲခွင့် ဥပဒေကို ပြန်လည်ပြင်ဆင်ရန် ကျယ်ကျယ်ပြန့်ပြန့် သဘောတူထားပြီးဖြစ်သည်ဟုလည်း ဆိုသည်။

ဖွေ့ထိုင်းပါတီသည် မေလရွေးကောက်ပွဲအကြိုကာလကတည်းက မူးယစ်ဆေးဝါးသုံးစွဲမှု ဆန့်ကျင်ရေးကို ပါတီ၏ မူဝါဒအဖြစ် စည်းရုံးလှုံ့ဆော်ခဲ့ပြီး ဆေးခြောက်တရားဝင်သုံးစွဲခွင့်ပြုထားသည့် ဥပဒေကို ပြင်ဆင်မည်ဟု ပြောဆိုခဲ့သည်။

ဆေးခြောက်ပါတီဟု လူသိများသည့် အနုတင် ချန်ဝီရာကူးလ်၏ ဘွန်ဂျာထိုင်းပါတီသည် ယခုအခါ ညွန့်ပေါင်း (၁၁) ပါတီအဖွဲ့ဝင်ဖြစ်လာပြီဖြစ်သည်။

အနုတင်က ဆေးခြောက်ဥပဒေကို လွှတ်တော်တွင် ပြန်တင်မည်ဟု ပြောကြားခဲ့သလို ရောင်းဝယ်ဖောက်ကားနေမှုကိုလည်း တင်းတင်းကြပ်ကြပ်စောင့်ကြည့်သွားမည်ဟု ဆိုသည်။

လတ်တလော ဥပဒေပြန်လည်ပြင်ဆင်ခြင်း မရှိသေးသည့် အခြေအနေတွင် ဆေးခြောက်ကို မူးယစ်ဆေးဝါးစာရင်းမှ ပယ်ဖျက်ခဲ့ပြီးနောက်ပိုင်း ထိုင်းနိုင်ငံတစ်ဝန်းလုံးတွင် ဆေးခြောက်အရောင်းဆိုင် ၆၀၀၀ အထိ ရှိလာသည်ဟု သိ၇သည်။

NN-27
ref: the straits times

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.