Preview

ဗီဇာပြဿနာကြောင့် တရုတ်နိုင်ငံ၌ ကျင်းပမည့် အာရှအားကစားပြိုင်ပွဲသို့ တက်ရောက်မည့် အိန္ဒိယအားကစားဝန်ကြီး၏ ခရီးစဉ် ဖျက်သိမ်း

စက်တင်ဘာ ၂၃/ ၂၀၂၃ | ကြည့်ရှုသူ :932
နိုင်ငံတကာ သတင်း

အိန္ဒိယအားကစားသမားသုံးဦးအား တရုတ်နိုင်ငံက ဗီဇာထုတ်မပေး၍ တရုတ်နိုင်ငံ၌ ကျင်းပပြုလုပ်မည့်(၁၉)ကြိမ်မြောက် အာရှအားကစားပွဲတော် တက်ရောက်မည့်အစီအစဉ်ကို အိန္ဒိယအားကစားဝန်ကြီးကဖျက်သိမ်းလိုက်သည်ဟု သိရှိ၇သည်။

အိန္ဒိယမီဒီယာများ၏ဖော်ပြချက်အရ အိန္ဒိယနိုင်ငံ၊ အရူနာချယ်ပြည်နယ်မှ ဝူရှူးအားကစားသမား သုံးဦးအားဟန်ကျို့ အာရှအားကစားပြိုင်ပွဲ ကျင်းပရေးကော်မတီက ပြိုင်ပွဲဝင်ရန် အတည်ပြုခဲ့သည်ဟုသိ၇သည်။

သို့သော်အဆိုပါကစားသမား သုံးဦးမှာ တရုတ်နိုင်သို့ ဝင်ရောက်ခွင့် ဗီဇာ နှင့်တူသည့်ပြိုင်ပွဲဝင်အသိအမှတ်ပြုကတ်ကို ကွန်ပြူတာပေါ်တွင် ထုတ်ယူ (download) မ၇ဘဲဖြစ်နေခဲ့သည်ဟု ဟိန္ဒူစတန်တိုင်းမ်က ဖော်ပြသည်။

အိန္ဒိယအရှေ့မြောက်ဘက်အရူနာချယ် ပရာဒက်ရှ် ပြည်နယ်ကို တရုတ်နိုင်ငံက ၄င်းတို့၏ ပိုင်နက်အဖြစ်သတ်မှတ်ထားပြီး “ တောင် တိဗက် “ ဟု ခေါ်တွင်သည်။ တရုတ်နိုင်ငံသည်အိန္ဒိယအားကစားသမားအချို့အား ရည်ရွယ်ချက်ရှိရှိ နှိမ့်ချဆက်ဆံလေ့ရှိသည်ဟု အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ အာရင်ဒမ် ဘက်ချီက ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏အပြုအမူသည် အာရှအားကစားပြိုင်ပွဲ၏ ရည်ရွယ်ချက် နှင့် လိုက်နာရမည့် စည်းမျဉ်းကိုချိုးဖောက်ရာရောက်သည့်အတွက် ပြိုင်ပွဲသို့တက်ရောက်မည့် အန္ဒိယအားကစားဝန်ကြီး၏ခရီးစဉ်ကို ဖျက်သိမ်းလိုက်သည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

ref:CNA

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.