Preview

နာဂါနိုကရာဘက်ဒေသမှ အာမေးနီးယားလူမျိုးနွယ်စု ၁၂၀၀၀၀ အာမေးနီးယားနိုင်ငံသို့ ပြန်မည်

စက်တင်ဘာ ၂၅/ ၂၀၂၃ | ကြည့်ရှုသူ :919
နိုင်ငံတကာ သတင်း

အဇာဘိုင်ဂျန်၏ လက်အောက်တွင်မနေလိုခြင်းနှင့် လူမျိုးတုန်းသတ်ဖြတ်မှု အန္တရာယ်စိုးရိမ်သည့်အတွက် နာဂါနို ကရာဘက်ဒေသမှ အာမေးနီးယားလူမျိုးနွယ်စု ၁၂၀၀၀၀အာမေးနီးယားနိုင်ငံသို့ ပြန်သွားမည်ဖြစ်ကြောင်း ခွဲထွက်ရန်ကြိုးပမ်းနေသောနာဂါနိုကရာဘက် ခေါင်းဆောင်ပိုင်းက တနင်္ဂနွေနေ့က ပြောကြားလိုက်သည်။

အာမေးနီးယားဝန်ကြီးချုပ်ကလည်း နာဂါနို ကရာဘက်ရှိအာမေးနီးယားလူမျိုးများ ပြန်လာမည်ဖြစ်ကြောင်း နှင့် ၄င်းတို့ကို လက်ခံကြိုဆိုရန်အသင့်ရှိနေကြောင်း ပြောကြားသည်။

ပြီးခဲ့သည့်အပတ်က အဇာဘိုင်ဂျန်တပ်များနှင့် ဖြစ်ပွါးခဲ့သည့် နာဂါနိုကရာဘက်ဒေသတိုက်ပွဲအတွင်း ခွဲထွက်အဖွဲ့များ အရေးနိမ့်ပြီးနောက် ယခုကဲ့သို့ နာဂါနိုဒေသရှိအာမေးနီယားလူမျိုးနွယ်စုများ ပြန်လာမည်ဟု ဆိုခြင်းဖြစ်သည်။

အာမေးနီးယန်း ကရာဘက်ဒေသမှာ အဇာဘိုင်ဂျန်၏ အစိတ်အပိုင်းအဖြစ်နိုင်ငံတကာက အသိအမှတ် ပြုထားသော်လည်း လွန်ခဲ့သည့်ရက်များအထိ အဇာဘိုင်ဂျန်၏ ထိန်းချုပ်မှုအောက်မှကင်းကွာနေခဲ့သည်။

ပြီးခဲ့သည့် စက်တင်ဘာ ၂၀ ရက်နေ့က နာဂါနိုကရာဘက်ဒေသမှ ခွဲထွက်လက်နက်ကိုင်အဖွဲ့ကိုအဇာဘိုင်ဂျန်တပ်များက အလုံးအရင်းဖြင့် ဝင်တိုက်ပြီးနောက် ခွဲထွက်အဖွဲ့များလက်နက်ချခဲ့ကြသည်။

အဇာဘိုင်ဂျန်က ထိုဒေသရှိ အာမေးနီးယားလူမျိုးများ၏ အခွင့်အရေး နှင့် နယ်မြေပေါင်းစည်းမှုကိုအာမခံမည်ဟု ဆိုသော်လည်း ဒေသခံများက ဖိနှိပ်ခံရမည်ကို စိုးရိမ်နေကြသည်။

“ ကျွန်တော်တို့လူမျိုးတွေအဇာဘိုင်ဂျန်အောက်မှာ မနေချင်ကြဘူး။ ၉၉ ဒဿမ ၉ ရာခိုင်နှုန်းကကျွန်တော်တို့ရဲ့ သမိုင်းဝင်နေရာက ထွက်ခွါရပါတော့မယ်” ဟု အာ့ဆက်သမ္မတနိုင်ငံ၊ သမ္မတအကြံပေး ဒေးဗစ် ဘာဘာရမ်က ဆိုသည်။

( ကရာဘက်ဒေသကို ခွဲထွက်အုပ်စုများကအာ့ဆက်သမ္မတနိုင်ငံအဖြစ်ကြေညာထားသည်။ )

ကရာဘက်အာမေးနီးယားခေါင်းဆောင်များက အဇာဘိုင်ဂျန်တပ်များ၏ ထိုးစစ်ကြောင့်အိုးမဲ့အိမ်မဲ့ ဖြစ်သွားကြသူများ နှင့် ထိုဒေသမှ ထွက်ခွါလိုသူများအားလုံးကို ရုရှားငြိမ်းချမ်းရေး ထိန်းသိမ်းရေးတပ်များကအာမေးနီးယားအထိ လိုက်ပါစောင့်ရှောက် ပို့ဆောင်ပေးမည်ဟု ကြေညာချက်တွင်ဖော်ပြထားသည်။

NN-27

ref:financial express

 

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.