Preview

ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ဒုတိယရဲချုပ်နေအိမ် ဝင်ရောက်ရှာဖွေ စီးနင်းခံရ

စက်တင်ဘာ ၂၅/ ၂၀၂၃ | ကြည့်ရှုသူ :1070
နိုင်ငံတကာ သတင်း

“အွန်လိုင်းလောင်းကစားလုပ်ငန်းနှင့် ပတ်သက်နေဟုဆို”

 

အွန်လိုင်းလောင်းကစားလုပ်ငန်းများနှင့်ပတ်သက်နေသည့် အထောက်အထားများ တွေ့ရှိရပြီးနောက် ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ဒုတိယ ရဲချုပ် ရဲဗိုလ်ချုပ်ကြီး ဆူရာချိတ်၏ နေအိမ်အား ယနေ့နံနက်ပိုင်းကထိုင်းနိုင်ငံ ဆိုင်ဘာရာဇဝတ်မှုစုံစမ်းစစ်ဆေးရေးဗျူရို(CCIB) ရဲတပ်ဖွဲ့ဝင်များကဝင်ရောက်စီးနင်းပြီးရှာဖွေမှုများ ပြုလုပ်ခဲ့သည်ဟု သိ၇သည်။

 

ဆိုင်ဘာရာဇဝတ်မှုရဲများသည် တရားရုံး၏ ရှာဖွေအမိန့်ကို ကိုင်ဆောင်လျှက် အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေး ဌာနခွဲရဲများ နှင့်ဘန်ကောက်မြို့တော် အထူးစစ်ဆင်ရေးကွန်မင်ဒိုရဲများ လိုက်ပါလျှက် ဒုတိယရဲချုပ်နေအိမ်သို့ ရောက်ရှိလာကြခြင်းဖြစ်သည်။

 

အလားတူရဲကလပ် အနောက်ဘက် ဝိဗ္ဗ၀ဒီ ၆၀ လမ်းရှိ နေအိမ် ငါးလုံးကိုလည်းရှာဖွေမိန့်ဖြင့်ဝင်ရောက် ရှာဖွေမှုများ ပြုလုပ်ခဲ့ကြသည်။

 

အဆိုပါနေအိမ်များမှာဒုရဲချုပ် ဆူရာချိတ်၏ လက်ထောက်များ နေထိုင်ကြသည်ဟု ဆိုသည်။ နံနက် ၈ နာရီအချိန် ဆိုင်ဘာရဲများ ရောက်ရှိလာချိန်တွင်ဒုရဲချုပ် ဆူရာချိတ်အား ဘောင်းဘီတို တီရှပ်နှင့်တွေ့ရပြီး သူသည် ထိုင်းရဲတပ်ဖွဲ့၏ ဒုတိယအကြီးဆုံးဖြစ်၍အစပထမပိုင်းတွင် အိမ်ထဲသို့ အဝင်မခံဟု ဆိုသည်။

 

ရဲတပ်ဖွဲ့ဝင်များသည်ဆိုင်ဘာရာဇဝတ်မှု စုံစမ်းစစ်ဆေးရေးအဖွဲ့ CCIB မှ ရဲချုပ် ဝိုရာဝတ် ဝါတနာခွန်ဘန်ချာ ရောက်လာသည်အထိစောင့်ဆိုင်းနေခဲ့ရပြီးမှ အိမ်ထဲသို့ဝင်ရောက်ရှာဖွေခွင့် ၇ခဲ့ကြသည်။

 

ဘန်ကောက်မြို့ဝဗ္ဗ၀ဒီ ၆၀ လမ်းရှိ ရဲဗိုလ်ချုပ်ကြီး ဆူရာချိတ်၏ နေအိမ်အပါအဝင်ပက်ချာဘူရီ၊ တမွတ်ပရာကန်၊ ခွန်ခမ်း၊ အူဒုံသာနီ နှင့် ဆာရာဘူရီစသည့် ပြည်နယ် ငါးခုမှ နေအိမ် ၃၀ ကို တနင်္လာနေ့တွင် တစ်ပြိုင်နက်တည်းရှာဖွေမှု ပြုလုပ်ကြသည်ဟု ဆိုသည်။

 

အခြားသောနေအိမ်များမှာ ဆူရာချိတ်နှင့် နီးစပ်သော ရဲအရာရှိငယ်များ ပိုင်ဆိုင်ပြီး၄င်းတို့အားလုံး မှာ လာအိုနိုင်ငံတွင် လုပ်ကိုင်နေသည့် တစ်ဘီလျံဘတ် ပမာဇဏရှိ အွန်လိုင်းလောင်းကစားလုပ်ငန်းနှင့် ပတ်သက်နေကြသည်ဟု ဆိုသည်။

 

Big Cleaning Day စစ်ဆင်ရေးဟုအမည်ပေးထားသည့် တင်္နလာနေ့စစ်ဆင်ရေးတွင် ရဲဗိုလ်ချုပ်ကြီးဆူရာချိတ်၏ လက်အောက်မှ ရဲမှူးချုပ်တစ်ဦး၊ရဲမှူးကြီးတစ်ဦးအပါဝင်ရဲအရာရှိအများအပြား ဖမ်းဆီးခံရသည်ဟုသိ၇သည်။

 

၄င်းတို့အားလုံးကိုဆာထွန်လမ်းရှိ မြို့တော်ရဲတပ်ဖွဲ့ ၊ အမှတ် ၅ ဌာနချုပ်ရုံးသို့စုံစမ်းစစ်ဆေးရန် ခေါ်ဆောင်သွားသည်ဟု ဆိုသည်။

 

NN-27

ref: Bangkok post

 

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.