Preview

ထိုင်ဝမ် ဂေါက်သီးစက်ရုံ မီးလောင်မှု မီးသတ်သမား လေးဦးအပါအဝင် လူ ၉ ဦးထက်မနည်း သေဆုံး

စက်တင်ဘာ ၂၆/ ၂၀၂၃ | ကြည့်ရှုသူ :1989
နိုင်ငံတကာ သတင်း

ထိုင်ဝမ် တောင်ပိုင်းတွင် ပြီးခဲ့သည့် သောကြာနေ့ ညနေပိုင်းကဂေါက်သီးစက်ရုံ မီးလောင်မှု ဖြစ်ပွားခဲ့ရာ မီးသတ်သမား လေးဦးအပါအဝင် သေဆုံးသူ၉ဦးထက်မနည်း ရှိသွားပြီဟု ဆိုသည်။

ဂေါက်သီးစက်ရုံမီးလောင်မှုဖြစ်ပွားစဉ် ပေါက်ကွဲမှု ထပ်မံဖြစ်ပွားသဖြင့် စက်ရုံအဆောက်အဦးပြိုကျပြီး မီးသတ်သမားများ ပိတ်မိကာ သေဆုံးရခြင်းဖြစ်သည်ဟု တာဝန်ရှိသူများကပြောကြားသည်။

ထိုင်ဝမ်တောင်ပိုင်း ၊ ပင်တန်းဒေသရှိ ဂေါက်သီးစက်ရုံမှာ သောကြာနေ့ ညနေခြောက်နာရီက စ၍ တစ်ညလုံး မီးလောင်ကျွမ်းနေပြီး လူပေါင်း ၁၀၀ ကျော် ဒဏ်ရာရရှိခဲ့ရာအများစုမှာ စက်ရုံဝန်ထမ်းများ ဖြစ်သည်ဟု ဆိုသည်။

ထိုင်ဝမ်ဗဟိုသတင်းဌာန၏ အဆိုအ၇ မီးလောင်မှုဖြစ်ပွားပြီးနောက်ပေါက်ကွဲမှု နှစ်ကြိမ် ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

မီးလောင်မှု ဖြစ်ပွားရသည့် အကြောင်းအရင်းကို မသိရှိ၇သေးပေ။

ဒေသခံသတင်းမီဒီယာသို့ မီးသတ်ဌာန၏ ပြောကြားချက်အရ စက်ရုံထဲတွင် ဓါတုဗေဒပစ္စည်းများသိုလှောင်ထားပြီး သိုလှောင်ရုံ မီးလောင်ပေါက်ကွဲသည့်အတွက် ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပေါ်ပြီး မီးလောင်ကျွမ်းမှုပိုမိုများပြား၇ခြင်းဖြစ်သည်ဟု ဆိုသည်။

အဆိုပါ ဂေါက်သီးစက်ရုံကို ကမ္ဘာတွင် ဂေါက်သီး အဓိကထုတ်လုပ်တင်ပို့သည့်Launch Technologies က ပိုင်ဆိုင်သည်။ ၂၀၂၁ခုနှစ် စာရင်းများအ၇ထိုင်ဝမ်သည် ကမ္ဘာပေါ်တွင် ဂေါက်သီးအများဆုံး ထုတ်လုပ် တင်ပို့သော နိုင်ငံဖြစ်သည်။


ထိုင်ဝမ်ရှိ ဂေါက်သီးစက်ရုံများက နာမည်ကျော်ဂေါက်သီးအမှတ်တံဆိပ်များဖြစ်သည့် Callaway,Taylormade, Bridgestone, Mizuno နှင့် Wilson တို့ကို ထုတ်လုပ်ကြသည်။

ထိုင်ဝမ် စတော့အိတ်ချိန်းစာရင်းဝင် LaunchTechnologies သည် ပြီးခဲ့သည့်နှစ်က ဂေါက်သီးလုံးရေ ၂၆၀ သန်းတင်ပို့ခဲ့ရာ ကမ္ဘာ့ဈေးကွက်၏ ငါးပုံ တစ်ပုံရှိသည်ဟု ဆိုသည်။

ထိုင်ဝမ် အလုပ်သမားဝန်ကြီးဌာနက မီးလောင်မှု နှင့် ပတ်သက်ပြီး LaunchTechnologies နှင့် မိခင်ကုမ္ပဏီတို့ကိုလုပ်ငန်းခွင်ဘေးကင်းလုံခြုံမှု နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးသွားမည်ဟု ဆိုသည်။

NN-27

ref:cna

#သေဆုံး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.