ဗုဒ္ဓဟူး၊ မေလ ၈ရက်၊ ၂၀၂၄

ရုရှားအကူအညီဖြင့် တည်ဆောက်ခဲ့သည့် ဘင်္ဂလားဒေ့ရှ် နျူကလီးယားဓါတ်အားပေးစက်ရုံ ယူရေနီယံလောင်စာ ပေးအပ်ပွဲအခမ်းအနားကျင်းပ


  • ရေးသူ: Web Master (NN 27)
  • | ရက်စွဲ: ၀၆ အောက်တိုဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.1k

ရုရှားအကူအညီဖြင့် တည်ဆောက်ခဲ့သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ပထမဦးဆုံး နျူးကလီးယား စွမ်းအင်သုံး ဓါတ်အားပေးစက်ရုံအတွက် ယူရေနီယံလောင်စာ ပေးအပ်ပွဲအခမ်းအနားကို အောက်တိုဘာ ၅ရက်နေ့က အဆိုပါ ဓါတ်အားပေးစက်ရုံတွင် ကျင်းပခဲ့သည်။

အခမ်းအနားသို့ ရုရှသမ္မတ ပူတင်၊ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ၊ နိုင်ငံတကာ အနုမြူစွမ်းအင်အေဂျင်စီ IAEA မှ ညွှန်ကြားရေးမှူး ရာဖေးလ် မာရီယာနို ဂရော့စီတို့ အွန်လိုင်းမှ တစ်ဆင့် တက်ရောက်ခဲ့သည်။

ဘင်္ဂလားဒေ့ရှ်၏ ရု(ပ်)ပါး နျူးကလီးယား ဓါတ်အားပေးစက်ရုံ( Rooppur Nuclear Power Plant )သည် ရုရှား နှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကြား ခိုင်မာသော နှစ်နိုင်ငံ ပူးပေါင်းမှု သင်္ကေတတစ်ခုဖြစ်ကြောင်း ရုရှားသမ္မတ ပူတင်က ပြောကြားခဲ့သည်။

“ ပွဲဦးထွက် ဒီစီမံကိန်းဟာ နှစ်နိုင်ငံအကျိုးစီးပွါးအတွက် ဖြစ်သလို အနာဂတ် နှစ်နိုင်ငံအကျိုးတူ ပူးပေါင်းဆောင်ရွက်ရေး တိုးမြှင့်ပေးလိုက်တာလည်းဖြစ်တယ်”ဟု ပူတင်က ပြောကြားခဲ့သည်။

ရု(ပ်)ပါး နျူးကလီးယားဓါတ်အားပေးစက်ရုံအတွက် လိုအပ်သော ယူရေနီယံလောင်စာ ပေးအပ်ပွဲအခမ်းအနားကျင်းပနေစဉ် ပူတင်က ဗီဒီယိုမှတစ်ဆင့် ယခုကဲ့သို့ ပြောကြားခြင်းဖြစ်သည်။

အဆိုပါအခမ်းအနားကို ဓါတ်အားပေးစက်ရုံတည်ရှိရာ ပက်ဘ်နာ( Pabna) တွင် ကျင်းပခြင်းဖြစ်သည်။ ရုရှားသမ္မတ ပူတင်က ဘင်္ဂလားဒေ့ရှ်သည် ရုရှား၏ မိတ်ဆွေလောင်း ဖြစ်သလို ဖွံ့ဖြိုးရေးလက်တွဲဖော်ဖြစ်ကြောင်း၊ နှစ်နိုင်ငံဆက်ဆံရေးမှာ အပြန်အလှန်လေးစားမှုအပေါ် အခြေခံကြောင်း ပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ် (Rooppur Nuclear Power Plant) ရု(ပ်)ပါး နျူးကလီးယား လျှပ်စစ်ဓါတ်အားပေး စက်ရုံကို ရုရှနိုင်ငံ နျူးကလီးယားစွမ်းအင် ကော်ပိုရေးရှင်း (Rosatom) က တည်ဆောပ်ပေးခြင်းဖြစ်ပြီး လျှပ်စစ်ဓါတ်အား မီဂါဝပ် ၂၄၀၀ ထုတ်လုပ်နိုင်မည်ဖြစ်ကာ အိမ်ထောင်စုပေါင်း ၁၅ သန်း လျှပ်စစ်ဓါတ်အားသုံးစွဲနိုင်မည်ဟု သိရသည်။

နျူးကလီးယားဓါတ်အားပေးစက်ရုံတည်ဆောက်ရန် ရုရှားက ဒေါ်လာ ၁၁ ဒဿမ ၃၈ ဘီလျံ ချေးငွေ ထုတ်ပေးခဲ့ပြီး ၂၀၂၇ မှစ၍ နှစ် ၂၀ အတွင်း ဘင်္ဂလားဒေ့ရှ်က ရုရှားကို ပြန်ဆပ်ရမည်ဖြစ်သည်။

ယခု နျူးကလီးယားဓါတ်အားပေးစက်ရုံ စတင်လည်ပတ်ပါက ဘင်္ဂလားဒေ့ရှ်သည် နျူးကလီးယားဓါတ်ပေါင်းဖိုဖြင့် လျှပ်စစ်ဓါတ်အား ထုတ်လုပ်သည့် ကမ္ဘာ့နိုင်ငံ(၃၀)မြောက် နိုင်ငံတစ်ခုဖြစ်လာမည် ဖြစ်သည်။

 NN-27

ref:the daily star/ AP

ဆက်စပ် သတင်းများ