Preview

ဆီးရီးယား စစ်အကယ်ဒမီကျောင်း ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီး အရပ်သားအချို့အပါအဝင် ဗိုလ်လောင်းစစ်သား ၁၁၂ဦး သေဆုံး

အောက်တိုဘာ ၀၆/ ၂၀၂၃ | ကြည့်ရှုသူ :1126
နိုင်ငံတကာ သတင်း

ဆီးရီးယားနိုင်ငံအလယ်ပိုင်း၊အစိုးရထန်းချုပ်နယ်မြေ "ဟွမ်စ်" မြို့ရှိ ဆီးရီးယားစစ်အကယ်ဒမီ ကျောင်းအား အောက်တိုဘာလ ၅ ရက်နေ့က အကြမ်းဖက်သမားများကဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ အရပ်သားများအပါအဝင် ဗိုလ်လောင်း ၁၁၂ ဦးသေဆုံးသွားသည်ဟု ဆီးရီးယားစစ်ပွဲ စောင့်ကြည့်သူများက ပြောကြားသည်။

ဆီးရီးယားစစ်တပ်၏သတင်းထုတ်ပြန်ချက်ကို နိုင်ငံပိုင် SANA သတင်းဌာနက ဖော်ပြရာတွင် အကြမ်းဖက်လက်နက်ကိုင်အဖွဲ့များသည်စစ်အကယ်ဒမီကျောင်း၏ ကျောင်းဆင်းပွဲကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ဗြိတိန်နိုင်ငံအခြေစိုက်ဆီးရီးယားလူ့အခွင့်ရေး လေ့လောစောင့်ကြည့်ရေးအဖွဲ့၏ အဆိုအရ အရပ်သား ၂၁ ဦးအပါအဝင်စစ်အကယ်ဒမီ ဗိုလ်လောင်း ၁၁၂ဦး သေဆုံးပြီး အနည်းဆုံး လူပေါင်း ၁၂၀ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

ဆီးရီးယားကျန်းမာရေးဝန်ကြီး၏ကနဦးသတင်းထုတ်ပြန်ချက်တွင် သေဆုံးသူ ၈၀ တွင် အမျိုးသမီး ခြောက်ဦးနှင့်ကလေးကေခာက်ဦး ပါဝင်ကာ လူပေါင်း ၂၄၀ ခန့်ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။


ဒရုန်းဖြင့်တိုက်ခိုက်မှုနှင့်ပတ်သက်၍ မည်သူ့လက်ချက်ဖြစ်သည်ကို ထုတ်ဖော်ပြောဆိုခြင်းမရှိသေးပေ။ တိုက်ခိုက်မှုကိုဖောက်ခွဲပစ္စည်းများ တပ်ဆင်ထားသည့် ဒရုန်းများ အသုံးပြုခဲ့သည်ဟု ဆီးရီးယားစစ်တပ်ကထုတ်ပြန်ခဲ့ပြီး အင်အားအပြည့်ဖြင့် လက်တုန့်ပြန်သွားမည်ဟု ဆိုသည်။

 တိုက်ခိုက်မှုကြောင့်သေဆုံးသူများအတွက် သောကြာနေ့မှစတင်ကာ သုံးရက်တာ ဝမ်းနည်းခြင်းနေ့ကို အစိုး၇ကသတ်မှတ်ကြေညာလိုက်သည်။

 

ဆီးရီးယားစစ်တပ်ကလက်တုန့်ပြန်သည့်အနေဖြင့် သူပုန်များထိန်းချုပ်ထားသည့် အီဒလစ်ဒေသကိုဗုံးကြဲတိုက်ခိုက်ခဲ့ရာ လူ ၈ ဦးသေဆုံးပြီး ၃၀ ခန့်ဒဏ်ရာရခဲ့သည်ဟုဆီးရီးယားစစ်ပွဲလေ့လာစောင့်ကြည့်ရေးအဖွဲ့က ဆိုသည်။

 

အဆိုပါဒေသကိုအယ်လ်ကိုင်ဒါ၏ ဆီးရီးယားအဖွဲ့ခွဲဟောင်း ဟာရတ် တီဟာ အယ်လ် ရှမ် က ထိန်းချုပ်ထားသည်။

 

အဆိုပါအဖွဲ့သည်ယခင်ကလည်း ဆီးရီးယားအစိုးရထိန်းချုပ်နယ်မြေများကို ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ဖူးသည်။

 

ဆီးရီးယားဆိုင်ရာကုလအထူးကိုယ်စားလှယ် ဂျိုင်ယာ ပီဒါဆင်က ယနေ့မြင်တွေ့ရသောတုန်လှုပ်ခြောက်ခြားဖွယ် မြင်ကွင်းက ဆီးရီးယားတွင် အကြမ်းဖက်တိုက်ခိုက်မှုများလျော့ကျသွားရန် အပူတပြင်းလိုအပ်နေကြောင်း နှင့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးလုပ်ဆောင်ရန် လိုအပ်နေကြောင်း သတိပေးနေသည်ဟု ပြောကြားခဲ့သည်။

 

ဆီးရီးယားစစ်တပ်သည်သူပုန်တို့ထိန်းချုပ်ထားသော အလက်ပိုပြည်နယ်ကို သွားရောက်ဗုံးကြဲခဲ့ရာအမျိုးသမီးကြီးတစ်ဦး နှင့် ကလေးငယ် လေးဦးသေဆုံးခဲ့ကြောင်း ကယ်ဆယ်ရေးအဖွဲ့ဝင်များကပြောကြားခဲ့သည်။

 

ထိုအတောအတွင်းတူရကီသည် ဆီးရီးယားအရှေ့မြောက်ပိုင်းရှိ ကာ့ဒ် တော်လှန်ရေးသမားများထိန်းချုပ်ထားသည့်နယ်မြေအား လေကြောင်းမှ သွားရောက် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟုကာ့ဒ်တပ်ဖွဲ့က ပြောကြားသည်။

 

ဆီးရီးယားနိုင်ငံသည်၂၀၁၁ခုနှစ်က ဖြစ်ပေါ်ခဲ့သော အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲများကို အာဆတ်အစိုးရကရက်ရက်စက်စက် နှိမ်နင်းခဲ့ချိန်မှစ၍ ပြည်ပတပ်များ၊ လက်နက်ကိုင်ပြည်သူ့စစ်များနှင့် ဂျီဟဒ်ဘာသာရေးအစွန်းရောက်များ အကြား တိုက်ပွဲများဖြစ်ပွားနေပြီး လူပေါင်းငါးသန်း အသက်သေဆုံး ခဲ့၇ပြီးဖြစ်သည်။

 

ယခုအခါဆီးရီးယားတွင် အမေရိကန်၊ ရုရှား နှင့် တူရကီတပ်များ စခန်းချ တပ်စွဲလျှက်ရှိသည်။ တူ၇ကီတပ်များသည်၂၀၁၆ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း ဆီးရီးယားမြောက်ပိုင်းရှိ ကာ့ဒ်တပ်ဖွဲ့များကိုသုံးကြိမ်တိုင်တိုင် အဓိက ထိုးစစ်ဆင်တိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။

 

NN-27

ref:cna

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.