အင်္ဂါ၊ မေလ ၇ရက်၊ ၂၀၂၄

ဟားမတ်စ်တို့၏ အလစ်အငိုက် တိုက်ခိုက်ခံရပြီးနောက် ဂါဇာရှိ ဟားမတ်စ်တို့၏ ပစ်မှတ်များကို အစ္စရေး လက်တုန့်ပြန် ဗုံးကြဲတိုက်ခိုက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ အောက်တိုဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.4k

“တစ်ရက်အတွင်း နှစ်ဖက်သေဆုံးသူ ၅၀၀ ကျော်ရှိလာ”

အောက်တိုဘာ (၇)ရက် နံနက်အရုဏ်တက်ချိန်မှစ၍ ဂါဇာဒေသရှိ ဟားမတ်စစ်သွေးကြွအုပ်စုများသည် အစ္စရေးနိုင်ငံအတွင်းသို့ ဒုံးကျည်များ အဆက်မပြတ်ပစ်ခတ်ခဲ့ပြီး ကုန်းကြောင်း၊ ရေကြောင်း၊ လေကြောင်းမှ ထိုးစစ်ဆင် ဝင်ရောက်လာခဲ့သည်။

ဟားမတ် စစ်သွေးကြွများသည် အစ္စရေးရဲစခန်းများအား သိမ်းပိုက်ပြီး လူနေရပ်ကွက်များကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အစ္စရေးစစ်သားများ နှင့် အစ္စရေးလူမျိုး ၂၅၀ ကျော်သေဆုံးပြီး အချို့ကို ဓါးစာခံအဖြစ် ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်။

အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက အစ္စရေးတွင် စစ်ဖြစ်နေပြီဟု ပြောဆိုလိုက်ပြီး အကြီးအကျယ်လက်တုန့်ပြန်သွားမည်ဟု ပြောဆိုကာ ဂါဇာဒေသရှိ ဟားမတ်စ်တို့၏ စခန်းများကို သွားရောက် ဗုံးကြဲခဲ့သည်။

 နေတန်ယာဟု ယခုစစ်ပွဲမှာ ခက်ခဲပြီး ရှည်ကြာလိမ့်မည်ဟုလည်း ပြောဆိုခဲ့သည်။

 

အစ္စရေးတပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာသည် တနင်္ဂနွေနေ့တွင် အစ္စရေးတောင်ပိုင်းသို့ ရောက်ရှိလာပြီး ၂၄ နာရီအတွင်း အစ္စရေးဒေသခံများကို ကယ်ထုတ်သွားမည်ဟု ပြောကြားခဲ့သည်။



 

“ ကျွန်တော်တို့ရဲ့ မစ်ရှင်က ၂၄ နာရီအတွင်း ဂါဇာအနီးမှာ နေထိုင်တဲ့ အစ္စရေးဒေသခံတွေကို ကယ်ထုတ်ဖို့ပါ” ဟု အစ္စရေးစစ်တပ်ပြောရေးဆိုခွင့်ရှိသူ ဒန်နီယယ် ဟာဂါရီက သတင်းထောက်များကို ပြောကြားခဲ့သည်။

 

ဂါဇာဒေသမှ ဟားမတ်စ်တို့က အစ္စရေးနိုင်ငံအတွင်းအလစ်အငိုက် ဝင်ရောက်တိုက်ခိုက်စဉ်မှာပင် လက်ဘနွန်တောင်ပိုင်းရှိ ဟက်ဇ်ဘိုလာ တို့ကလည်း ဟားမတ်စ်တို့နှင့် သွေးစည်းညီညွတ်ကြောင်း ပြသသည့်အနေဖြင့် အစ္စရေးနိုင်ငံထဲသို့ ဒုံးကျည်များ အမြောက်ကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

 

ဆယ်စုနှစ်များအတွင်း အပြင်းထန်ဆုံးတိုက်ခိုက်မှုများကြောင့် အစ္စရေးလူမျိုး ၂၀၀ ကျော်သေဆုံးပြီး ၁၀၀၀ကျော်ဒဏ်ရာရကာ လမ်းများပေါ်တွင် အလောင်းများ ပြန့်ကျဲနေသလို ဂါဇာဘက်ခြမ်းတွင်လည်း အစ္စရေးတို့၏ ဗုံးကြဲမှုကြောင့် ပါလက်စတိုင်း ၃၁၃ ဦး သေဆုံးပြီး ၁၇၀၀ ကျော် ဒဏ်ရာရသည်ဟု သိရသည်။

 

အစ္စရေးစစ်သားများ နှင့် အရပ်သားအချို့ကို ဟားမတ်စ်တို့က ဓါးစာခံအဖြစ် ဂါဇာဘက်ခြမ်းသို့ ဖမ်းဆီးခေါ်ဆောင်သွားရာ အစ္စရေး၏ လက်တုန့်ပြန်ရေးစစ်ပွဲကို ပိုမိုရှုပ်ထွေးသွားစေသည်ဟု ဆိုသည်။

 

 ယခု ဟားမတ်စ်တို့၏ အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်မှုမှာ လွန်ခဲ့သည့် နှစ် ၅၀ က အစ္စရေးတို့၏ ယုန်ကစ်ပူးပွဲတော်အတွင်း အီဂျစ် နှင့် ဆီးရီးယားတို့က ဝင်ရောက်တိုက်ခိုက်မှုနောက်ပိုင်း အပြင်းထန်ဆုံး နှင့် သွေးထွက်သံယိုအများဆုံးဟု ဆိုသည်။

 

NN- 27

 ref:Reuters

ဆက်စပ် သတင်းများ