(အစ္စရေးလေဆိပ် ပိတ်ထားဆဲဖြစ်၍ ထိုင်းလူမျိုး ၃၀၀၀ကို ပြန်မခေါ်နိုင်သေး)
ပြီးခဲ့သည့်စနေနေ့က ဟားမတ်စ် စစ်သွေးကြွများက အစ္စရေးနိုင်ငံအတွင်းသို့ ရုတ်တရက်ဝင်ရောက်တိုက်ခိုက်စဉ် သေဆုံးခဲ့ရသူများအထဲတွင် အမေရိကန်၊ ဂျာမနီ၊ ဗြိတန် နှင့်အခြားသော ကမ္ဘာ့နိုင်ငံများမှ နိုင်ငံခြားသားများလည်း ပါဝင်ခဲ့ရာ ထိုအထဲတွင်ထိုင်းလူမျိုးသေဆုံးသူ ၁၈ ဦး ရှိသည်ဟု ထိုင်းနိုင်ငံခြားရေး ဒုတိယဝန်ကြီးဂျက်ကပေါင် ဆန်းမာနီးက အတည်ပြုပြောကြားလိုက်သည်။
သေဆုံးသူတို့၏အလောင်းများကို ထိုင်းနိုင်ငံသို့ ပြန်လည်သယ်ယူရန် လောလောဆယ်မဖြစ်နိုင်သေးကြောင်း၊ အစ္စရေးတပ်များက ထိုနေရာကို ပြန်လည်သိမ်းပိုက်ပြီးချိန်အထိစောင့်ဆိုင်း၇မည်ဖြစ်ကြောင်း ဂျက်ကပေါင် ဆန်းမာနီးက ပြောကြားခဲ့သည်။
အန္တရာယ်ရှိသောနေရာသို့ရောက်ရှိနေသော ထိုင်းလူမျိုးများကို ဆက်လက်ကယ်ထုတ်နေသည်ဟု သူက ဆိုသည်။
အစ္စရေးနိုင်ငံတွင်အလုပ်လုပ်ကိုင်နေသော ထိုင်းလူမျိုး ၃၀၀၀၀ ခန့်ရှိရာ ၎င်းတို့အနက် ၅၀၀၀ မှာပဋိပက္ခဖြစ်ပွားနေသော နေရာတွင် နေထိုင်လျှက်ရှိသည်ဟု ဆိုသည်။
ထိုင်းလူမျိုး၃၀၀၀ ခန့်က နေရပ်ပြန်လိုကြောင်း စာရင်းပေးထားသည့်အတွက် ၎င်းတို့ကိုပြန်လည်ခေါ်ယူရန် စီစဉ်နေသည်။
လတ်တလောအခြေအနေတွင်တိုက်ပွဲသည် လေဆိပ်အနီးသို့ ရောက်ရှိလာပြီး စစ်လေယာဉ်များ ဆင်းသက်နိုင်ခြင်းမရှိသည့်အတွက် ခရီးသည်လေယာဉ်များဖြင့်သာ ပြန်လည်ခေါ်ဆောင်ရမည်ဟု ထိုင်းဒုတိယနိုင်ငံခြားရေးဝန်ကြီး ဂျက်ကပေါင်က ပြောကြားသည်။
ယခုချိန်ထိအစ္စရေးနိုင်ငံ တဲလ်အဗစ်လေဆိပ်သို့ ဝင်ရောက်မည့် နိုင်ငံတကာခရီးစဉ်များရပ်ဆိုင်းထားသည့်အတွက် ခရီးသည်တင်လေယာဉ်များဆင်းသက်နိုင်ခြင်း မရှိသေးဟု သိ၇သည်။
ထိုင်းနိုင်ငံကမ္ဘာလှည့်ခရီးသွား နှင့် အားကစားဝန်ကြီးဌာန၏ ပြောကြားချက်အရ ဂါဇာ အစ္စရေး တိုက်ခိုက်မှုကြောင့်ထိုင်းနိုင်ငံတွင် သောင်တင်နေသော အစ္စရေးကမ္ဘာလှည့်ခရီသည် ၁၀၀၀၀ ခန့် ရှိသည်ဟုသိ၇သည်။
လေကြောင်းလိုင်းအားလုံးကဘန်ကောက် နှင့် တဲလ်အဗစ် ခရီးစဉ်ကိုဖျက်သိမ်းထားသည်။ သို့သော်အစ္စရေးလေကြောင်းလိုင်း EI AI သည်ခရီးစဉ်ဖျက်သိမ်းခြင်းမပြုသေးဘဲ ထိုင်းနိုင်ငံ နှင့် အစ္စရေးကြား တစ်ပတ် (၁၁)ကြိမ်ပုံမှန် ပျံသန်းနေသေးသည်ဟု သိ၇သည်။
ref:Bangkok Post