Preview

အစ္စရေး၏ လေကြောင်း တိုက်ခိုက်မှုအတွင်း ဟားမတ်စ်ထိပ်တန်းတပ်မှူးတစ်ဦးသေဆုံး

အောက်တိုဘာ ၁၅/ ၂၀၂၃ | ကြည့်ရှုသူ :1074
နိုင်ငံတကာ သတင်း

ဂါဇာတွင် ဝေဟင်စစ်ဆင်ရေးကို ဦးဆောင်ခဲ့သည့် ဟားမတ်စ်အဖွဲ့၏ အကြီးတန်းတပ်မှူးတစ်ဦး အစ္စရေးလ် လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးသွားကြောင်းအစ္စရေးစစ်တပ်က စနေနေ့တွင်ပြောဆိုလိုက်သည်။

သေဆုံးသူမှာ MuradAbu Murad ဖြစ်ပြီး လွန်ခဲ့သည့် ရက်အနည်းငယ်က အစ္စရေးလ် လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးသွားခဲ့သည်ဟု ဆိုသည်။

ဟားမတ်စ်၏ဝေဟင် စစ်ဆင်ရေးကို အဆိုပါ စစ်ဆင်ရေးစင်တာမှ ဆောင်ရွက်နေခြင်းဖြစ်ကာ အစ္စရေးလ်စစ်တပ်၏ လေကြောင်း တိုက်ခိုက်ရေး ဂျက်လေယာဉ်များက ၎င်းအား လုပ်ကြံသတ်ဖြတ် ခံခဲ့ရသည်ဟု အစ္စရေးစစ်တပ်က ပြောသည်။

သို့သော်လည်း အဆိုပါတပ်မှူး Murad Abu Murad သေဆုံးမှုကို ဟားမတ်စ်အဖွဲ့ထံမှချက်ခြင်း အတည်ပြုချက်မရှိသေးဟု သတင်းတွင် ဖော်ပြသည်။

အစ္စရေး၏သမိုင်းတွင် လူအသေအပျောက်အများဆုံး တိုက်ခိုက်မှုအတွက် လက်တုံ့ပြန်သည့်အနေဖြင့်ဟားမတ်စ်ကို မြေပြင်ထိုးစစ်မစတင်မီတွင် အစ္စရေးက ၎င်းတို့အား ဘေးလွတ်ရာသို့ရွှေ့ပြောင်းရန် သတိပေးခဲ့ပြီးနောက် ထောင်နှင့်ချီသော ပါလက်စတိုင်းတို့သည် စနေနေ့ကဂါဇာတောင်ပိုင်းသို့ ခိုလှုံရန် ထွက်ပြေးခဲ့ကြသည်။

လွန်ခဲ့သည့်တစ်ပတ်က ဟားမတ်စ် တိုက်ခိုက်ရေးသမား၏ တိုက်ခိုက်မှုကြောင့်လူပေါင်း ၁၃၀၀ ကျော်သေဆုံးပြီးနောက် အစ္စရေးက လက်တုံ့ပြန်ရန် ကြိုးပမ်းနေချိန်တွင် တစ်ပတ်နီးပါးအပြင်းအထန် ဗုံးကြဲတိုက်ခိုက်မှုသည် အစသာဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ်ဘင်ဂျမင် နေတန်ယာဟု   (BenjaminNetanyahu) ကသတိပေးခဲ့သည်။

အစ္စရေးမြေပြင်တပ်ဖွဲ့များသည်လွန်ခဲ့သည့် ၂၄ နာရီအတွင်း ဂါဇာကမ်းမြောင်ဒေသသို့ “အကြမ်းဖက်သမားများနှင့်လက်နက်ကိရိယာများ ကင်းစင်ရေး” နှင့် ပျောက်ဆုံးနေသူများကို ရှာဖွေရန်ကြိုးစားခဲ့ကြောင်း ၎င်းတပ်ဖွဲ့ကပြောကြားခဲ့သည်။ NN-30

 Ref:Israel strike kills senior Hamasmilitary commander/ Dhaka Tribune

#အစ္စရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.