Preview

ဂါဇာကို အစ္စရေးတို့ ဆက်လက်တိုးမြှင့် ဗုံးကြဲနေ

အောက်တိုဘာ ၂၂/ ၂၀၂၃ | ကြည့်ရှုသူ :917
နိုင်ငံတကာ သတင်း

“ဂါဇာဆေးရုံတွင် အလောင်းများပုံနေပြီး အလောင်းပတ်ရန် ပိတ်စ ကုန်သွားပြီဟုဆို”

အစ္စရေး နှင့် ဟားမတ်စ်တို့အကြား ဖြစ်ပွါးနေသော စစ်ပွဲမှာ အရှိန်အဟုန်မြင့်နေဆဲဖြစ်ပြီးအစ္စရေးတို့၏ လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်တိုးမြှင့်နေဆဲဖြစ်သည်ဟု သိ၇သည်။

အစ္စရေးတို့က မြောက်ပိုင်းတွင် ကျန်နေသေးသော ပါလက်စတိုင်းများကို တောင်ပိုင်းသို့အမြန်ထွက်ပြေးကြရန် သတိပေးထားပြီး မထွက်ခွါဘဲ ကျန်နေသူများကိုအကြမ်းဖက်သမားများနှင့် ပူးပေါင်းသူဟု သတ်မှတ်မည်ဟုဆိုသည်။

 

ယခုကဲ့သို့ သတိပေးရခြင်းမှာ မကြာမီပြုလုပ်တော့မည့် မြေပြင်ထိုးစစ်တွင်အရပ်သားများ ထိခိုက်မှု အနည်းဆုံးဖြစ်ရန်ရည်ရွယ်သည်ဟု ဆိုသည်။

 

ဂါဇာဆေးရုံမှ နောက်ဆုံးထွက်ပေါ်လာသော ဓါတ်ပုံတွင် ဆေးရုံဝင်းအတွင်း အလောင်းများတန်းစီနေသည်ကို တွေ့မြင်၇သည်။

 

ထိုအထဲတွင် ကလေးငယ် ၁၂ဦး ပါဝင်သည်။ ဆေးရုံဝန်ထမ်းတစ်ဦး၏ ဘီဘီစီသို့ပြောကြားချက်အရ ဂါဇာဆေးရုံတွင် လူသေအလောင်းပတ်ရန် ပိတ်စအဖြူ ကုန်သွားပြီဟု သိ၇သည်။



 

ဟားမတ်စ်တို့၏ ထုတ်ပြန်ချက်အ၇ လွန်ခဲ့သည့် ၂၄ နာရီအတွင်း ပါလက်စတိုင်း၂၆၆ဦး သေဆုံးခဲ့ပြီး ၁၁၇ ဦးမှာ ကလေးငယ်များဖြစ်သည်ဟု ဆိုသည်။

 

အစ္စရေးဘက်ကမူ အကြမ်းဖက်သမားအများအပြားကို ပစ်ခတ်သတ်ဖြတ်နိုင်ခဲ့သည်ဟုဆိုသည်။

 

ယနေ့တွင် ဂါဇာဒေသအတွက် နောက်ထပ် ကယ်ဆယ်ထောက်ပံ့ရေးပစ္စည်းများ တင်ဆောင်လာသည့်ထရပ်ကား ၁၇ စီး အီဂျစ် နှင့် ဂါဇာတောင်ပိုင်း ရာဖာ နယ်စပ်ဂိတ်သို့ ရောက်ရှိလာသည်ဟုအီဂျစ်သတင်းမီဒီယာများက ဖော်ပြသည်။

 

ယမန်နေ့ကလည်း ဂါဇာဒေသအတွက် ဆေးဝါး၊ အစားအစာ နှင့် ရေများတင်ဆောင်လာသည့် ထရပ်ကား ၂၀ စီး ရာဖာနယ်စပ်ဂိတ်ကို ဖြတ်ကျော်ပြီး ရောက်ရှိလာခဲ့သည်။

 

ဂါဇာရှိ ဟားမတ်စ် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သော စာရင်းအရ အောက်တိုဘာ(ရ)ရက်မှစ၍အစ္စရေးတို့၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့၇သည့် ပါလက်စတိုင်း ၄၆၅၁ ဦးရှိသွားပြီဟု ဆိုသည်။

NN-27

ref:BBCWorld

#အစ္စရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.