တနင်္ဂနွေ၊ ဧပြီလ ၂၈ရက်၊ ၂၀၂၄

ဆိုင်ကလုန်းဟမွန်း ဘင်္ဂလားဒေ့ရှ် ကုန်းတွင်းပိုင်းသို့ ဝင်ရောက်တိုက်ခတ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ အောက်တိုဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.3k

အလွန်ပြင်းထန်သော ဆိုင်ကလုန်းမုန်တိုင်း ဟမွန်းသည် အင်္ဂါနေ့ ညနေ ၆ နာရီတွင် ကော့ဘဇားနှင့် စစ်တကောင်းကမ်းရိုးတန်းတစ်လျှောက် ကုန်းတွင်းပိုင်းသို့ စတင်ဝင်ရောက်တိုက်ခတ်ခဲ့သည်။

၎င်းဆိုင်ကလုန်းမုန်တိုင်းသည် စစ်တကောင်း-ကော့ဘဇား ကမ်းရိုးတန်းကို ဝင်ရောက်တိုက်ခတ်ခဲ့ပြီး လေတိုက်နှုန်း တစ်နာရီလျှင် ၁၄၈ ကီလိုမီတာခန့်ရှိပြီး ၎င်းမုန်တိုင်းသည့် အားပျော့သည့် လက္ခဏာများ ပြသနေသည်ဟုဆိုသည်။

ဆိုင်ကလုန်း ဟမွန်း၏ဗဟိုသည် ည ၉ နာရီခန့်တွင် ကမ်းရိုးတန်းသို့ ရောက်ရှိခဲ့ကြောင်း Cox's Bazar BMD ရုံးမှ လက်ထောက် မိုးလေဝသပညာရှင် Mohammad Imam Uddin က ပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ် မိုးလေဝသဌာန (BMD) ၏ ထုတ်ပြန်ချက်အရ အလွန်ပြင်းထန်သော ဆိုင်ကလုန်း မုန်တိုင်းသည် စစ်တကောင်းဆိပ်ကမ်း၏ အနောက်တောင်ဘက် ၂၈၅ ကီလိုမီတာ၊ ကော့ဘဇားဆိပ်ကမ်း၏ အနောက်တောင်ဘက် ကီလိုမီတာ ၂၅၀၊ မိုင်းလားဆိပ်ကမ်းတောင်ဘက် ၂၃၅ ကီလိုမီတာနှင့် တောင်ဘက် ကီလိုမီတာ ၁၈၀ အကွာတွင် တည်ရှိခဲ့သည်။

မုန်တိုင်းသည် အင်္ဂါနေ့ညနေပိုင်းတွင် ကမ်းရိုးတန်းကို ဖြတ်ကျော်ဝင်ရောက်စဉ် ကော့ဘဇားမြို့တွင် မီးပျက်ပြီး အမှောင်ကျသွားခဲ့သည်။

ဆိုင်ကလုန်းမုန်တိုင်းသည် ကော့ဘဇားကမ်းရိုးတန်းတစ်လျှောက်ရှိ သစ်ပင်အများအပြားကို ပြိုလဲပျက်စီးစေပြီး ကမ်းခြေအနီးရှိ နေအိမ်များနှင့် ဈေးဆိုင်ငယ်များစွာကို သိသိသာသာ ပျက်စီးစေခဲ့သည်ဟု ဆိုသည်။

Ref: Dhaka Tribune (09:33)

ဆက်စပ် သတင်းများ