တနင်္ဂနွေ၊ မေလ ၁၂ရက်၊ ၂၀၂၄

ဟမွန်း ဆိုင်ကလုန်းမုန်တိုင်းကြောင်း ဘင်္ဂလားဒေ့ရှ်တွင် ၂ ဦးသေဆုံးပြီး ၆ ဦး ထိခိုက်ဒဏ်ရာရရှိဟု ကနဦးသတင်းထွက်ပေါ်လာ


  • ရေးသူ: Web Master (NN 14)
  • | ရက်စွဲ: ၂၅ အောက်တိုဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 842

ယမန်နေ့ညနေပိုင်းက ဘင်္ဂလာဒေ့ချ်နိုင်ငံကို ၀င်ရောက်တိုက်ခတ်ခဲ့သည့် ဟမွန်းဆိုင်ကလုန်း မုန်တိုင်းကြောင်း ကော့စ်ဘာဇား (ခေါ် ) ဖလောင်းချိတ် ခရိုင်တွင် အနည်းဆုံးလူ ၂ ဦးသေဆုံးပြီး နောက်ထပ် ၆ ဦးမှာလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ကနဦးထွက်ပေါ်လာသည့် သတင်းများအရ သိရှိရသည်။

သေဆုံးသွားသူ ၂ ဦးမှာ ကော့စ်ဘဇားမြို့နယ်မှ အသက် ၄၀ အရွယ် အမျိုးသားတစ်ဦးနှင့် မဟားဇိုးမြို့နယ်မှ အသက် ၄၅ နှစ်အရွယ်အမျိုးသား တစ်ဦးတို့ဖြစ်ကြောင်း ဒေသအာဏာပိုင်များအပြောကို ကိုးကားပြီး ပြော်ထင်းအာလောင် သတင်းဌာန သတင်းတစ်ပုဒ်တွင် ရေးသားဖော်ပြသည်။

သူတို့နှစ်ဦးမှာ မုန်တိုင်းကြောင်း သစ်ပင်ကျိုးကျပြီး ပိပြိုလဲရာမှ သေဆုံးခြင်းဖြစ်ပြီး တခြား ၆ ဦးမှာလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့်အတွက်  ဆေးရုံတွင် ဆေးကုသမှုခံနေကြရသည်ဟု ဆိုသည်။

ထို့အပြင် ထောင်နှင့်ချီသည့် အိုးအိမ်များမှာလည်း ပျက်စီးသွားပြီး တခြားနေရာများတွင်လည်း သစ်ပင်ကျိုးမှုများကြောင်း လျှပ်စစ်မီး ပြတ်တောက်မှုများလည်းရှိနေသည်ဟု အဆိုပါသတင်းတွင် ဖော်ပြထားသည်။

အောက်တိုဘာလ ၂၄ ရက်နေ့ ညနေ ၇ နာရီခန့်ကတည်းက မိုးရွာသွန်းမှုနှင့်အတူ ဟမွန်းဆိုင်ကလုန်မုန်တိုင်းမှာ ဘင်္ဂလာဒေ့ရှ်နိုင်ငံက ကမ်းရိုးတန်းကို ၀င်ရောက် တိုက်ခိုက်ခဲ့ပြီး ညသန်းခေါင်အချိန်တွင် မုန်တိုင်းအား ပျော့သွားကြောင်း သိရှိ ရသည်။

မုန်တိုင်းကြောင်း ဖလောင်းချိတ်၊ စစ်တကောင်းနှင့် ဘောရီရှားခေါ် (အဝကျွန်း)အပါအဝင် ခရိုင် ၁၀ ခုမှ လူပေါင်း ၁၅ သိန်း ခန့်ကို နေရာပြောင်းရွေ့ခဲ့ရကြောင်း ဘင်္ဂလားသတင်းစာတချို့တွင် ရေးသားဖော်ပြကြသည်။

လက်ရှိအချိန်တွင် သစ်ပင်များကျိုးကျမှုများကြောင်း နေရာအများအပြားတွင် လျှပ်စစ်မီး ပြတ်တောက်နေဆဲ ဖြစ်ကြောင်း သိရှိရသည်။
Photo- Dhaka Tribune
ပုံစာ- မုန်တိုင်းတိုင်းကြောင်း  သစ်ပင်လဲနေသည့် ဖလောင်းချိတ်မြို့တစ်နေရာ။

ဆက်စပ် သတင်းများ