Preview

လူ (၁၈)ဦးသေဆုံးခဲ့ရသည့် မိန်းပြည်နယ် သေနတ်ပစ်ခတ်မှု သံသယတရားခံအား ဒဏ်ရာများဖြင့် သေဆုံးလျှက် ပြန်တွေ့

အောက်တိုဘာ ၂၈/ ၂၀၂၃ | ကြည့်ရှုသူ :911
နိုင်ငံတကာ သတင်း

ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့က အမေရိကန်ပြည်ထောင်စု၊ မိန်းပြည်နယ်၊ လူဝစ္စတန်မြို့တွင်ဖြစ်ပွါးခဲ့သော လူ (၁၈)ဦး သေဆုံးခဲ့ရသည့် သေနတ်ပစ်ခတ်မှုတွင်ထွက်ပြေးနေသော ပစ်ခတ်သူ သေနတ်သမား တရားခံအားအောက်တိုဘာလ ၂၈ရက်(သောကြာနေ့)ကဒဏ်ရာများဖြင့်သေဆုံးလျှက် ပြန်လည်ရှာဖွေ့တွေ့ရှိခဲ့ပြီဟုသိ၇သည်။

တရားခံဖမ်းဆီးရမိရေးအတွက်ရာပေါင်းများစွာသော ရဲများက မိန်းပြည်နယ်အတွင်း နှစ်ရက်ကြာ ပိုက်စိပ်တိုက်ရှာဖွေမှုများ ပြုလုပ်ခဲ့ပြီးနောက် ယခုကဲ့သို့ ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။

ပစ်ခတ်မှုကျူးလွန်သူဟုသံသယရှိသူ အမေရိကန်စစ်တပ်မှ အရန်တပ်ဖွဲ့ဝင် ရောဘတ်ကဒ်(၄၀)နှစ် အား မိမိကိုယ်မိမိ လုပ်ကြံပစ်ခတ်ထားသော ဒဏ်ရာများဖြင့် သေဆုံးလျှက် လူးဝစ္စတန်မြို့ အရှေ့တောင်ဘက်လစ္စဘွန်းရေတံခွန်အနီးတွင် ရှာဖွေတွေ့ရှိခဲ့ကြသည်။

ရောဘတ်ကဒ်သည်ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ ညနေပိုင်းက လူဝစ္စတန်မြို့ရှိ ဘိုးလင်းခန်းမအတွင်းသို့ရောက်ရှိလာပြီး ကစားနေသူများကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ကာဘားကို ဆက်လက်ပစ်ခတ်ခဲ့သဖြင့် လူပေါင်း(၁၈)ဦး သေဆုံးပြီး ၁၃ ဦး ဒဏ်ရာရရှိခဲ့သည်။

လူအမြောက်အများသေဆုံးခဲ့ရသည့်ယခု သေနတ်ပစ်ခတ်မှုမှာ ယခုနှစ်အတွင်း အမေရိကန်နိုင်ငံတွင်ထိတ်လန့်တုန်လှုပ်စရာ အကောင်းဆုံး သေနတ်ပစ်ခတ်မှုဖြစ်သည်။ တရားခံ ဖမ်းဆီးရမိရေးအတွက် လူးဝစ္စတန်မြို့ရှိလူများအိမ်ပြင်မထွက်စေဘဲ ရာနှင့်ချီသောရဲများကနှစ်ရက်ကြာ ပိုက်စိပ်တိုက် ရှာဖွေမှု ပြုခဲ့၇သည်။

သေနတ်သမားသည် လက်နက်ကိုင်ဆောင်ထားပြီးအန္တရာယ်ပေးနိုင်သည့်အတွက် ပစ်ခတ်မှုဖြစ်ပွါးပြီး နှစ်ရက်အတွင်း မိန်းပြည်နယ်တွင် အထိတ်တလန့်ဖြစ်နေခဲ့ကြသည်။ “ လူတွေကိုရောဘတ်ကဒ် ဆက်ပြီး အန္တရာယ်မပေးနိုင်တော့မှန်း ဒီနေ့ည သိရတော့မှပဲကျွန်မ သက်ပြင်း ချနိုင်တော့တယ်” ဟုပြည်နယ်အုပ်ချုပ်ရေးမှူး ဂျက်နက် မီးလ် ကသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

 

NN-27

ref:BBCWorld

 

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.