Preview

ကမ္ဘာ့အရှားပါးဆုံးကျောက်မျက်စာရင်းဝင် အပြာရောင်စိန်လက်စွပ်ကို ဒေါ်လာ သန်း ၄၀ ကျော်ဖြင့် လေလံတင် ရောင်းချ

နိုဝင်ဘာ ၀၈/ ၂၀၂၃ | ကြည့်ရှုသူ :977
နိုင်ငံတကာ သတင်း

ကမ္ဘာပေါ်တွင်အလွန်ရှားပါးသော အပြာရောင်စိန်ဖြင့် ပြုလုပ်ထားသည့် လက်စွပ်တစ်ကွင်းကိုဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာ ခရစ္စတီလေလံပွဲတွင် လေလံတင်ရောင်းချခဲ့ရာအမေရိကန်ဒေါ်လာ ၄၃ ဒဿမ ၈သန်းဖြင့် ဝယ်ယူသွားကြောင်းသိရှိ၇သည်။

အလေးချိန်၁၇ ဒဿမ ၆၁ကာရက်ရှိပြီး၊ အနာအဆာကင်းမဲ့သည့် သစ်တော်သီးပုံသဏ္ဌာန်ရှိ အပြာရောင်စိန်လက်စွပ်ရောင်းချရမှုမှာ ခရစ္စတီလေလံသမိုင်းတွင် အကြီးမားဆုံးအနာအဆာမဲ့စိန်ပြာကျောက်မျက်ကျောက်မျက်တစ်လုံး ရောင်းချ၇မှုဖြစ်သည်ဟု ဆိုသည်။

နှစ်ပေါင်း၅၀ ကြာ ပုဂ္ဂလိက လက်ထဲတွင် သိမ်းဆည်းထားခဲ့ပြီးနောက် တော်ဝင်စိန်ပြာသည် လေလံပွဲတွင် ပေါ်ထွက်လာခြင်းဖြစ်သည်။

“ ဒီ စိန်ပြာဟာ ကမ္ဘာပေါ်မှာတူးဖော်ခဲ့ပြီးသမျှ စိန်တွေထဲမှာ အရှားပါးဆုံးပါ”ဟုခရစ္စတီလေလံ ဌာနက ထုတ်ပြန်ကြေညာခဲ့သည်။ ခရစ္စတီ၏ လေလံသက်တမ်း နှစ်ပေါင်း ၂၅၀ အတွင်း ၁၀ ကာရက်အထက် ယခုလိုကြီးမားသည့် စိန်ပြာ ရောင်းချရမှု သုံးကြိမ်သာရှိခဲ့သည်ဟု ဆိုသည်။

၂၀၁၆ခုနှစ်က ၁၄ ဒဿမ ၆၂ ကာရက် ရှိ ကိုပင်ဟိုင်းမား စိန်ပြာကို ဒေါ်လာ ၅၇ သန်းဖြင့် လေလံ တင်ရောင်းချခဲ့ဖူးသည်ဟုခရစ္စတီက ဆိုသည်။ ခရစ္စတီလေလံဌာနက ယခုတော်ဝင်စိန်ပြာ ရောင်းချ၇မှုမှာ ၂၀၂၃ ခုနှစ်အတွင်း ရောင်းချခဲ့ရသမျှကျောက်မျက်၇တနာများထဲတွင် တန်ဖိုးအကြီးမားဆုံးဖြစ်သည်ဟု ဆိုသည်။

တနင်္လာနေ့ကခရစ္စတီလေလံသည် Apocalypse Now ရုပ်ရှင်ဇာတ်ကားတွင် အမေရိကန်ရုပ်ရှင် မင်းသားကြီးမာလွန် ဘရန်ဒို ဝတ်ဆင်ခဲ့သည့် (နာရီကျောဘက်တွင် M.Brando ဟုလက်ရေးဖြင့် စာထွင်းထားသည့်) ရိုးလက်စ် နာရီတစ်လုံးကိုဒေါ်လာ ၅ သန်းဖြင့် ရောင်းချခဲ့သည်ဟု ဆိုသည်။

 

NN-27

ref:BBCWorld

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.