မြန်မာနိုင်ငံမြောက်ပိုင်းဒေသတွင်ဖြစ်ပွားလျက်ရှိသောပဋိပက္ခကိုတရုတ်နိုင်ငံအနေဖြင့်အနီးကပ်စောင့်ကြပ်လျက်ရှိနေကြောင်းနှင့်တိုက်ခိုက်မှုများချက်ချင်းရပ်စဲရန်သက်ဆိုင်သော အဖွဲ့အစည်းများကိုထပ်မံတိုက်တွန်းလိုက်သည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက နိုဝင်ဘာ ၁၀ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦးက မြန်မာနိုင်ငံ မြောက်ပိုင်း ဒေသတွင် တိုက်ခိုက်မှုများ ရပ်စဲရန် တရုတ်နိုင်ငံ အနေဖြင့် စီမံဆောင်ရွက်မှု တစ်စုံတစ်ရာ လုပ်ဆောင်ရန် အစီအစဉ်ရှိပါသလားဟု မေးမြန်းစဉ် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝန်ပင်းက ထိုသို့ တုံ့ပြန်ပြောဆိုသွားခြင်း ဖြစ်သည်။
၎င်းက “ မိမိတို့အနေနဲ့ မြန်မာနိုင်ငံ မြောက်ပိုင်းဒေသမှာ ဖြစ်ပွားလျက်ရှိတဲ့ ပဋိပက္ခကို အနီးကပ်စောင့်ကြပ်လျက်ရှိနေပြီး တိုက်ခိုက်မှုတွေကို ချက်ချင်းရပ်စဲဖို့နဲ့ တရုတ်-မြန်မာ နယ်စပ်ဒေသ လုံခြုံဘေးကင်းရေး သေချာစွာ ဆောင်ရွက်ဖို့ကို သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေကို တိုက်တွန်းပါတယ်” ဟု ပြောကြားသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက နိုဝင်ဘာ ၁၀ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် မြန်မာနိုင်ငံ မြောက်ပိုင်း ဒေသတွင် တိုက်ခိုက်မှုများကြောင့် ပြည်သူအများအပြား နေရပ်ရွှေ့ပြောင်းနေ၇သည်ဟု ကုလသမဂ္ဂက နိုဝင်ဘာ ၁၀ ရက်၌ ပြောကြားခဲ့ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ယင်းတိုက်ခိုက်မှုများ ရပ်စဲရန် စီမံဆောင်ရွက်မှု တစ်စုံတစ်ရာ လုပ်ဆောင်ရန် အစီအစဉ်ရှိပါသလားဟု ၎င်းသတင်းထောက်က မေးမြန်းခဲ့သည်ဟု သိ၇သည်။ (NN-30)
Ref and Photo: Xinhua News