ဗြိတိန်ဝန်ကြီးချုပ်ရီရှီဆူနက် က အစိုးရအဖွဲ့အပြောင်းအလဲတစ်ရပ်ကို တနင်္လာနေ့ကထုတ်ပြန်ကြေညာခဲ့ရာ ပြည်ထဲရေးဝန်ကြီး ဆူးလာဘရေ့ဗာမင်းမှာ ဖယ်ရှားခံလိုက်ရပြီးယခင် ဝန်ကြီးချုပ်ဟောင်း ဒေးဗစ်ကင်မရွန် ကို နိုင်ငံခြားရေးဝန်ကြီးအဖြစ်တာဝန်ပေးလိုက်သည်ဟု သိရှိ၇သည်။
ဆန္ဒပြသူများအားကိုင်တွယ်ရာတွင် ဘက်လိုက်မှုရှိသည်ဟုဆိုသော ပြည်ထဲရေးဝန်ကြီးဆူးလာ ဘရေ့ဗားမင်းနေရာကို နိုင်ငံခြားရေးဝန်ကြီး ဂျိမ်းစ် ကလီဗာလီနှင့်အစားထိုးလိုက်သည်။
နိုင်ငံခြားရေးဝန်ကြီးအဖြစ်အစိုးရအဖွဲ့အတွင်း ပြန်လည်ရောက်ရှိလာသော ဒေးဗစ် ကင်မရွန်ကယခုလို ခက်ခဲသောအချိန်ကာလတွင် ဝန်ကြီးချုပ် ဆူနက်အား ထောက်ခံအားပေးသွားမည်ဟုပြောကြားလိုက်သည်။
ဒေးဗစ်ကင်မရွန် က ယခုလို အရှေ့အလယ်ပိုင်း နှင့် ယူကရိန်းကဲ့သို့ အရေးကြီးသောစိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရချိန်တွင် သူ၏အတွေ့အကြုံများကဝန်ကြီးချုပ် ဆူနက်အစိုး၇အဖွဲ့ကို အကူအညီပေးနိုင်လိမ့်မည်ဟုဆိုသည်။
တနင်္လာနေ့ကစတင်ပြုလုပ်ခဲ့သော အစိုးရအဖွဲ့ရာထူးရွှေ့ပြောင်းမှုတွင် ပြည်ထဲရေးဝန်ကြီးမစ္စ ဘရေ့ဗာမင်းသည် လန်ဒန်ရဲများက ပါလက်စတိုင်းလိုလားသော ဆန္ဒပြသူများအားကိုင်တွယ်ရာတွင် ဘက်လိုက်မှုရှိခဲ့သည်ဟု စွပ်စွဲခံခဲ့၇သည်။
ဝန်ကြီးချုပ်ဟောင်းဒေးဗစ် ကင်မရွန်အား နိုင်ငံခြားရေးဝန်ကြီးအဖြစ် ဆူနက်က ပြန်လည်ခန့်အပ်ကာအစိုးရအဖွဲ့အတွင်း ထည့်သွင်းလိုက်ခြင်းမှာ အံ့အားသင့်စရာ ဖြစ်ခဲ့သည်။
ဒေးဗစ်ကင်မရွန်သည် ၂၀၁၆ ခုနှစ်က ဥရောပသမဂ္ဂအဖွဲ့ဝင်အဖြစ်မှာ ဗြိတိန်က နှုတ်ထွက်ရန် မဲပေးခဲ့မှုအပြီးတွင် ဝန်ကြီးချုပ်ရာထူးမှ နှုတ်ထွက်ခဲ့သူဖြစ်သည်။
သူသည်ဥရောပသမဂ္ဂတွင် ဗြိတိန်နိုင်ငံ ဆက်လက်တည်ရှိနေရေးကို ထောက်ခံခဲ့သူဖြစ်သည်။ NN-27
ref:BBCWorld