ဗုဒ္ဓဟူး၊ မေလ ၈ရက်၊ ၂၀၂၄

ဂါဇာဆေးရုံကြီးအတွင်းမှ လူများအားလုံး ထွက်ခွါသွားကြရန် အစ္စရေးစစ်တပ်က အမိန့်ပေးပြီးနောက် ရာပေါင်းများစွာသော ပါလက်စတိုင်းများ ထွက်ပြေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 899

ဂါဇာရှိ အကြီးဆုံးဆေးရုံ အယ်လ် ရှီဖာ အတွင်းမှ လူများအားလုံး ဆေးရုံဝင်းထဲမှ အမြန်ဆုံးထွက်ခွါသွားကြရန် အစ္စရေးတပ်က အမိန့် ပေးပြီးနောက် လမ်းမပေါ်တွင် ခြေလျှင်လမ်းလျှောက်သွားနေသော ရာပေါင်းများစွာသော ပါလက်စတိုင်းများကို နိုဝင်ဘာ ၁၈ရက်က မြင်တွေ့ခဲ့ရကြောင်း အေအက်ဖ်ပီသတင်းထောက်တစ်ဦးက ပြောကြားသည်။

အဆိုပါဆေးရုံးကြီးတွင် လူနာများအပါအဝင် ဆေးရုံဝန်ထမ်းများနှင့် လာရောက်ခိုလှုံနေသူ စုစုပေါင်း ၂၀၀၀ ကျော် ရှိသည်ဟု သိရသည်။

ဂါဇာကျန်းမာရေးဌာနတာဝန်ရှိသူများက လူနာ ၄၅၀ မှာ ရွှေ့ပြောင်းရန် မဖြစ်နိုင်ဟု ဆိုသည်။

အစ္စရေး-ဟားမတ်စ် စစ်ပွဲ (၇)ပတ်အတွင်းသို့ ရောက်ရှိလာချိန်တွင် ဂါဇာဆေးရုံကြီးမှာ စစ်ပွဲ၏ အဓိက ပစ်မှတ်တစ်ခုအဖြစ် လူအများ၏ အာရုံစိုက်ခံလာရသည်။

အစ္စရေးစစ်တပ်က ဟားမတ်စ်အကြမ်းဖက်သမားများသည် ဂါဇာဆေးရုံကြီးကို ၄င်းတို့၏ စစ်ဌာနချုပ်အဖြစ် မြေအောက်တွင် စခန်းချနေသည်ဟု ယုံကြည်သည်။

ဟားမတ်စ်တို့က ငြင်းဆိုသော်လည်း မကြာမီက မြေအောက်သို့ဆက်သွယ်ထားသည့် နေရာတစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်ဟု အစ္စရေးတို့ကဆိုသည်။

စနေနေ့ မနက်ပိုင်းက စ၍ အစ္စရေးတပ်များသည် လော်စပီကာများ အသုံးပြုကာ ဆေးရုံအတွင်းရှိ လူများအားလုံး အမြန်ထွက်ခွါကြရန် အော်ဟစ်သတိပေးနေသည်ကို တွေ့ရှိရသည်။


အစ္စရေးတပ်က ဂါဇာဆေးရုံကြီး ညွှန်ကြားရေးမှူး မိုဟာမက် အဘူ ဆယ်မီရာ အား လူနာများ၊ ဒဏ်ရာရထားသူများ၊ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းမျာနှင့် ခိုလှုံနေသူများအားလုံး ပင်လယ်ကမ်းစပ်ရှိရာဘက်သို့ ရွှေ့ပြောင်း ရှောင်တိမ်းကြရန် ညွှန်ကြားထားသည်။

ထို့ကြောင့် ဆေးရုံအတွင်းမှ လူအများအပြား အလံဖြူထောင် လက်မြှောက်ကာ အပြင်ဘက်သို့ ထွက်လာနေသည်ကို မြင်တွေ့ခဲ့ရသည်ဟု သတင်းထောက်တစ်ဦးက ပြောသည်။

တစ်ညလုံး ပစ်ခတ်ပေါက်ကွဲသံများ ကြားနေရပြီး အစ္စရေးတပ်များက ဆေးရုံဝင်းအတွင်း မြေတူးစက်များဖြင့် တူးဖော်နေသည်ဟု သူက ဆိုသည်။

အစ္စရေးတပ်များသည် ဂါဇာတွင် ကျန်နေသေးသော ပါလက်စတိုင်းများအားလုံး လုံခြုံသော တောင်ပိုင်းသို့ ရွှေ့ပြောင်းနေထိုင်ကြရန် အမိန့်ပေးထားသည်။

ထိုအတောအတွင်း လောင်စာဆီ ပြတ်တောက်မှုကြောင့် နောက်ဆက်တွဲ ဆိုးကျိုးများ ဖြစ်လာနိုက်သည့်အတွက် အမေရိကန်၏ ဖိအားပေးမှုကြောင့် အစ္စရေးက တစ်ရက်လျှင် ဒီဇယ်တင်ကား နှစ်စီး ဂါဇာသို့ ဝင်ခွင့်ပြုလိုက်သည်ဟု ဆိုသည်။ NN-27

ref:AFP/ BBCWorld

ဆက်စပ် သတင်းများ