Preview

အစ္စရေးနှင့် ဟားမတ်စ်တို့အကြား လေးရက်ကြာအပစ်အခတ်ရပ်စဲမှု သောကြာနေ့တွင် စတင်မည်

နိုဝင်ဘာ ၂၄/ ၂၀၂၃ | ကြည့်ရှုသူ :1020
နိုင်ငံတကာ သတင်း

အစ္စရေးနှင့် ပါလက်စတိုင်း ဟားမတ်စ်အုပ်စုတို့အကြား လေးရက်ကြာအပစ်အခတ်ရပ်စဲမှုကိုနိုဝင်ဘာ-၂၄ (သောကြာနေ့) မနက်ပိုင်းမှ စတင်မည်ဖြစ်ကြောင်း၊ပထမဦးဆုံးအနေနှင့်အစ္စရေးအမျိုးသမီးနှင့် ကလေး ၁၃ ဦးကိုဟားမတ်စ်အဖွဲ့က ထိုနေ့ ညနေတွင် ပြန်လွှတ်ပေးမည် ဖြစ်ကြောင်း ကာတာစေ့စပ်ညှိနှိုင်းရေးအဖွဲ့က ပြောကြားလိုက်သည်။

ကမ္ဘာ့အင်အားကြီးနိုင်ငံများကလေးရက်ကြာ အဆိုပါအပစ်အခတ်ရပ်စဲရေးကို သတိထား၍ ကြိုဆိုလိုက်သည်။

အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ထွက်ပေါ်လာသည့်တိုင်အောင် ဂါဇာစီးတီးတွင်အဓိကပစ်မှတ်ဖြစ်သော ဆေးရုံကြီးအပါအဝင် အစ္စရေးတို့ ဗုံးကြဲတိုက်ခိုက်မှုများဆက်ရှိနေဆဲဖြစ်သည်ဟု တာဝန်ရှိသူများက ဆိုသည်။

နှစ်ဖက်စလုံးကလည်းယခုအပစ်အခတ်ရပ်စဲမှုမှာ ယာယီသာဖြစ်သည်ဟု ပြောကြားထားသည်။

သောကြာနေ့မနက် (ရ)နာရီမှ စတင်၍ ဂါဇာ တောင်ပိုင်းရော မြောက်ကိုင်းတွင်ပါ နှစ်ဖက်တပ်များ အပစ်အခတ် ရပ်ဆိုင်းထားမည်ဟုကာတာနိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာခဲ့သည်။

အပစ်အခတ်ရပ်စဲသည်နှင့်ဂါဇာဒေသသို့ ထောက်ပံ့ကယ်ဆယ်ရေးပစ္စည်းများ စတင်ပို့ဆောင်မည်ဖြစ်သလိုလေးရက်အတွင်း ဓါးစာခံ ၄၀ ဦးပြန်လွှတ်ပေးမည့် သဘောတူညီချက်အ၇ပထမအသုတ် အမျိုးသမီး ဓါးစာခံများ ပထမနေ့ ညနေ ၄ နာရီအချိန်တွင်ပြန်လည် လွတ်မြောက်လာမည်ဖြစ်ကြောင်း ကာတာနိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရ မာဂျက် အယ်အန်ဆာရီ က ပြောကြားလိုက်သည်။

အလားတူအစ္စရေးအကျဉ်းထောင်များတွင် ထိန်းသိမ်းခံထား၇သော ပါလက်စတိုင်း အကျဉ်းသားများကိုလည်းသောကြာနေ့တွင် ပြန်လွှတ်ပေးမည်ဟု ၎င်းက ပြောကြားခဲ့သည်။

" ဒီအပစ်အခတ်ရပ်စဲရေးကတဆင့်ပိုမိုကျယ်ပြန်တဲ့ လုပ်ဆောင်မှုတွေ လုပ်နိုင်ဖို့ရေရှည်အပစ်အခတ်ရပ်စဲရေးပေါ်ပေါက်လာစေမယ့် အခွင့်အလမ်းတွေ ထွက်ပေါ်လာဖို့မျှော်လင့်ပါတယ်" ဟု အန်ဆာရီက ပြောကြားခဲ့သည်။

ဟားမတ်စ်အဖွဲ့ကလည်းပစ်ခတ်တိုက်ခိုက်မှုအားလုံးကို ရပ်ဆိုင်းပေးထားမည်ဟု ၎င်းတို့၏တယ်လီဂရမ်ချန်နယ်တွင် ကြေညာခဲ့သည်။

သို့သော် အပစ်အခတ်ရပ်စဲထားမှုသည် ယာယီသာဖြစ်မည်ဟုဟားမတ်စ်လက်နက်ကိုင်အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူအဘူအူဗေဒါက ပြောကြားသည်။

အသက်၁၈ နှစ် နှင့်အောက် အမျိုးသား၊အမျိုးသမီး ဓါးစာခံ စုစုပေါင်းငါးဆယ်ဦးကိုပြန်လွှတ်ပေးမည်ဖြစ်ပြီး တစ်ဦးပြန်လွှတ်ပေးတိုင်း ပါလက်စတိုင်းအကျဉ်းသားသုံးဦး ပြန်လွှတ်ပေးရန် သဘောတူထားသည်ဟု ဟားမတ်စ်အဖွဲ့ကဆိုသည်။

ပါလက်စတိုင်းအကျဉ်းသားများကိုအစ္စရေး နှင့် အနောက်ဘက်ကမ်းရှိ အကျဉ်းထောင် သုံးခုပြန်လွှတ်ပေးမည်ဟုအစ္စရေးတာဝန်ရှိသူများပြောသည်။

အစ္စရေးဝန်ကြီးချုပ်ဘင်ဂျမင် နေတန်ယာဟု ရုံးကလည်း ပြန်လွှတ်ပေးမည့် ဓါးစာခံများစာရင်းကိုရရှိပြီးနောက် ၎င်းတို့၏ မိသားစုများနှင့် ဆက်သွယ်ထားသည်ဟုပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကယခုအပစ်အခတ်ရပ်စဲမှုမှာ " မျှော်လင့်ချက်ပြည့်၀သောအခိုက်အတန့်" ဟု ပြေကြားလိုက်ပြီး ဓါးစာခံအားလုံးပြန်လည်လွတ်မြောက်ရေးဆက်လက်လုပ်ဆောင်သွားမည်ဟု ဆိုသည်။

 

NN-27

 ref:bbcworld

#အစ္စရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.