Preview

ဘူတန်နိုင်ငံ၌ အထွေထွေရွေးကောက်ပွဲ မတိုင်မီ အခြေခံရွေးကောက်ပွဲများ စတင်ကျင်းပ

ဒီဇင်ဘာ ၀၂/ ၂၀၂၃ | ကြည့်ရှုသူ :450
နိုင်ငံတကာ သတင်း

လူဦးရေ (၈)သိန်းသာ ရှိသောဟိမဝန္တာတောင်တန်းဒေသ ဘူတန်နိုင်ငံတွင် အထွေထွေ ရွေးကောက်ပွဲများ မကျင်းပမီ ပြုလုပ်သည့်အခြေခံရွေးကောက်ပွဲ ကို နိုဝင်ဘာ(၃၀)ရက်၊ (ကြာသပတေးနေ့)ကစတင်ကျင်းပခဲ့ကြောင်း သိရှိ၇သည်။

 ဘူတန်နိုင်ငံ၏ဖွဲ့စည်းပုံအခြေခံဥပဒေအရ အထွေထွေရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ခွင့်ရရှိမည့်ပါတီ နှစ်ခုကို ပထမဦးစွာ မဲပေးရွေးချယ်ကြ၇သည်။

 

ယခုပြုလုပ်သည့်အခြေခံရွေးကောက်ပွဲတွင် ပါတီ(၅)ခု ယှဉ်ပြိုင်ကြပြီး ၎င်းတို့အနက်အနိုင်ရရှိသော ပါတီနှစ်ခုသည် လာမည့် ဇန်နဝါရီလ(၉)ရက်တွင် ကျင်းပပြုလုပ်မည့်ဘူတန်အထွေထွေ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခွင့် ၇မည်ဖြစ်သည်။

 

ဘူတန်နိုင်ငံ၏လက်ရှိဘုရင်က နိုင်ငံရေးပြုပြင်ပြောင်းလဲမှုပြုလုပ်ခဲ့ပြီးနောက်ပိုင်း၂၀၀၈ ခုနှစ်မှ စ၍ ဘူတန်ပြည်သူများပထမဆုံးအကြိမ် မဲပေးခွင့် ရရှိခဲ့သည်။

 

ဘူတန်ဘုရင်သည် ယခုချိန်ထိ ဘူတန်နိုင်ငံတွင် လူကြိုက်များသော ဘုရင်တစ်ပါးအဖြစ် ရှိနေဆဲဖြစ်သည်။

 

နိုဝင်ဘာ(၃၀)ရက်နေ့ကဘူတန်မြို့တော် "သင်ဖူး"တွင် မဲပေးရန် တန်းစီနေကြသော လူများကို မြင်တွေ့ခဲ့၇ကြောင်း အေအက်ဖ်ပီသတင်းထောက်တစ်ဦးကဆိုသည်။

 

တောင်တန်းထူပြောပြီးမော်တော်ကားလမ်းအရောက်အပေါက် မရှိသည့် ဘူတန်နိုင်ငံတွင်မဲပေးပိုင်ခွင့်ရရှိသူ ၅၀၀၀၀၀ အနက် လေးပုံတစ်ပုံမှာ စာအိတ်မဲပေးစနစ်ဖြင့်မဲပေးကြရသည်ဟု သိ၇သည်။

 

သို့သော်အများစုမှာ ကိုယ်တိုင်ကိုယ်ကျမဲပေးရန် ဝေးလံခေါင်ဖျားသော တောင်တန်းဒေသများအထိ သွားရောက်ခဲ့ကြသည်ကိုတွေ့ရှိ၇သည်။

 

တရုတ်နှင့် အန္ဒိယ နိုင်ငံကြား တောင်တန်းများပေါ်တွင် တည်ရှိသည့် ဘူတန်နိုင်ငံ၏ဆောင်ပုဒ်မှာ " တစ်မျိုးသားလုံး ပျော်ရွှင်ရေး"(Gross NationalHappiness) ဖြစ်သည့်အတွက်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးထက် လူအများ ကျန်းမာပျော်ရွှင်ရေးကိုဘူတန်နိုင်ငံက အဓိကအလေးထားသည်။

 

ဘူတန်ဘုရင်Jigme Khesa Namgyel Wangchuck က ဆန္ဒမဲပေးခြင်းမှာ ပြည်သူတို့၏ တာဝန်ဖြစ်သည်ဟု ပြောကြားထားသည့်အတွက်မဲဆန္ဒရှင်တစ်ဦးက မဖြစ်မနေ မဲပေးရန်ဆုံးဖြတ်ထားသည်ဟု ဆိုသည်။

 

 ဘူတန်နိုင်ငံရွေးကောက်ပွဲများမှာအစဉ်သဖြင့်ငြိမ်းချမ်းပြီး တည်တည်ငြိမ်ငြိမ်ရှိသည်ဟုသိ၇သည်။

 

ပြီးခဲ့သည့်ငါးနှစ်အတွင်းဘူတန်နိုင်ငံ၏ ဝန်ကြီးချုပ်မှာ လိုတေး ရှာရင်း( LotayTshering)ဆိုသူဆရာဝန်ကြီးတစ်ဦးဖြစ်ပြီး အစိုးရရုံးအလုပ်ဖိစီးမှုမှ ဖြေဖျောက်ရန်စနေ၊တနင်္ဂနွေ အားလပ်ရက်များတွင် ဆေးရုံသို့သွားရောက်ပြီး ခွဲစိတ်ကုသမှုပြုလုပ်တတ်သည်ဟုဆိုသည်။

 

NN-27

Ref: Bhutan holds primary polls ahead of general elections

 

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.