Preview

ဘင်္ဂလာဒေ့ချ်နိုင်ငံတွင်ငလျင်လှုပ်၊ ရာနှင့်ချီသည့် အလုပ်သမားများ ဒဏ်ရာရ

ဒီဇင်ဘာ ၀၂/ ၂၀၂၃ | ကြည့်ရှုသူ :1328
နိုင်ငံတကာ သတင်း

ဘင်္ဂလာဒေ့ချ်နိုင်ငံတွင် ယနေ့နံနက်ပိုင်းကလှုပ်ခတ်ခဲ့သည့် မြေငလျှင်ကြောင့် ကူမီလာခရိုင်ရှိ အလုပ်ရုံ တစ်ခုမှ အလုပ်သမား ၂၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိ၇သည်။

ဒဏ်ရာရရှိခဲ့သည့်အလုပ်သမားများမှာ မြို့တော် ဒါကာအနီးရှိ ကူမီလာခရိုင် Chauddagram မြို့နယ်၊ Amir Shirts' အထည်ချုပ်စက်ရုံမှ ဖြစ်ကြောင်း  Dhaka Tribune သတင်းတစ်ပုဒ်တွင်ဖော်ပြသည်။

အလုပ်သမား ၁၇၀၀ခန့်ရှိသည့် အဆိုပါစက်ရုံမှအလုပ်သမားများမှာ ငလျှင်လှုပ်ချိန်တွင် အလျှင်အမြန် တိုးဝှေ့ပြီးစက်ရုံအတွင်းမှ အတင်း ထွက်ပြေးကြရာမှ ယခုကဲ့သို့ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်သည်ဟုဘင်္ဂလာသတင်းများတွင် ဖော်ပြသည်။


ဒဏ်ရာရရှိသူများကို ရဲနှင့်မီးသတ်တပ်ဖွဲ့မှ ကယ်ထုတ်ပြီး ကူမီလာ ဆေးရုံအပါအဝင် တခြား ဆေးရုံးများကိုပို့ဆောင်ခဲ့ရပြီး ဒဏ်ရာပြင်းထန်သည့် အမျိုးသမီးအလုပ်သမား ၃ ဦးကို ကူမီလာဆေးတက္ကသိုလ်သို့ ပို့ဆောင်ခဲ့၇သည်ဟုဆိုသည်။

 

ယနေ့နံက ၉နာရီ ၃၅ မိနစ်အချိန်တွင် လှုပ်ခတ်ခဲ့သည့် မြေငလျှင်မှာ ပြင်းအားမှာ ၅ ဒသမ၆ ရှိပြီး မြို့တော် ဒါကာအပါအဝင် ကူမီလာ၊ ရာရှားဟီ၊ ဆီးလတ်နှင့် နိုင်ငံတစ်ဝန်းရှိတခြား ဒေသများတွင်လည်းငလျှင်လှုပ်ခတ် မှုကို ခံစားခဲ့ရသည်ဟု သိရှိ၇သည်။

 

အလယ်အလတ်ငလျင်သည်စနေနေ့နံနက်က ဒါကာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ အခြားဒေသများတွင်လှုပ်ခတ်သွားခဲ့ပြီး ပြင်းထန်သော လှုပ်ခတ်မှုအထိ ခံစား၇သော လူများအကြားအထိတ်တလန့်ဖြစ်စေခဲ့သည်။

 

ယင်းကြောင့်ယခုနှစ်အတွင်း ဒါကာနှင့် နိုင်ငံအတွင်းရှိ အခြားနေရာများတွင် အနည်းဆုံး ငလျင်ခုနစ်ကြိမ် လှုပ်ခတ်ခဲ့သည်။ ငလျင်အများစု၏ဗဟိုချက်မှာ ဒါကာအနီးတွင်ရှိသည်။ (NN-14)

 

Photo-Dhaka Tribune

 

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.