ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းမင်ဒါနာအိုကျွန်းတွင် ဒီဇင်ဘာ (၂)ရက် ညပိုင်းကအင်အား ၇ ဒဿမ ၅မဂ္ဂနီကျု ပြင်းအားရှိ ငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့ပြီးနောက်အမေရိကန် ဆူနာမီ သတိပေးစနစ်က ဆူနာမီရေလှိုင်း အန္တရာယ် သတိပေးချက် ထုတ်ပြန်ခဲ့၇သည်။
ဖိလစ်ပိုင်နှင့် ဂျပန်ကမ်းခြေတို့တွင် အမြင့် ၉ ပေကျော်အထိ ဆူနာမီရေလှိုင်းဖြစ်ပေါ်နိုင်ကြောင်း ကနဦး သတိပေးခဲ့သော်လည်း ထုတ်ပြန်ပြီး မကြာမီဆူနာမီရေလှိုင်းအန္တရာယ်မဖြစ်နိုင်တော့ကြောင်း ထပ်မံထုတ်ပြန်ခဲ့သည်။
ဖိလစ်ပိုင်တောင်ပိုင်းတွင်နောက်ဆက်တွဲငလျင်များ ဆက်တိုက်လှုပ်နေစဉ် ကယ်ဆယ်ရွှေ့ပြောင်းရေး လုပ်ငန်များအရေးပေါ်လုပ်ဆောင်နေရပြီး ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုနှင့် သေဆုံးဒဏ်ရာရသူ စာရင်းကိုမသိရှိ၇သေးဟု ဆိုသည်။
ဖိလစ်ပိုင်မီးတောင် နှင့် ငလျင်ဆိုင်ရာတက္ကသိုလ် Phivolcs ကမူ ဆူနာမီသတိပေးချက် ရုပ်သိမ်းခြင်း မရှိသေးဘဲဆက်လက်သတိပေးထားသည်။
ဂျပန်နိုင်ငံတိုကျိုမြို့တောင်ဘက်မိုင် ၁၈၀အကွာရှိ ဟာချီဂျိုဂျီးမား ကမ်းခြေတွင်အမြင့် ၃၀ စင်တီမီတာရှိ ရေလှိုင်းများ တွေ့ရှိ၇သည်ဟု ဂျပန်မိုးလေ၀သအေဂျင်စီကကြေညာသည်။
ဖိလစ်ပိုင်မီးတောင်နှင့်ငလျင် တက္ကသိုလ်က ဆူရီဂါအို နှင့် ဒါဗာအို အိုရီယင်တယ်ပြည်နယ် ကမ်းခြေအနီး နေထိုင်ကြသူများကို ကုန်းတွင်းပိုင်းသို့ပြောင်းရွှေ့ကြရန်သတိပေးထားသည်။
သို့သော်အဆိုပါပြည်နယ်နှစ်ခုမှာ ကျေးလက်ဒေသများဖြစ်ပြီး လူဦးရေထူထပ်ခြင်းမရှိသည့်အတွက်စိုးရိမ်စရာ မရှိဟုဆိုသည်။
ပြင်းအား၆ ဒဿမ ၅မဂ္ဂနီကျုရှိ နောက်ဆက်တွဲငလျင် အပါအဝင် နောက်ဆက်တွဲငလျင်အကြိမ်ရေနှစ်ဆယ်ကျော် လှုပ်ခတ်ခဲ့သော အဆုပါပြည်နယ်မှ လူဦးရေ၄၄၀၀၀ နေထိုင်သည့် ဟီနာတူအန်မြို့တွင် လျှပ်စစ်ဓါတ်အား ပြတ်တောက်သွားပြီးလူအများကို ဘေးလွတ်ရာကုန်းတွင်းပိုင်းသို့ရွှေ့ပြောင်းစေခဲ့ကြောင်း ရဲတပ်ဖွဲ့အကြီးအကဲ ရေမတ်ဂျင်တယ်လန်က ပြောကြားသည်။
ဖိလစ်ပိုင်နိုင်ငံသည်မီးတောင်များဝန်းရံလျှက်ရှိသည့် ပစိဖိတ် မီးစက်ဝိုင်း (Ring of Fire) အတွင်းကျရောက်နေသဖြင့် မကြာခဏ ငလျင်လှုပ်ခတ်လေ့ရှိသည်ဟု သိ၇သည်။ NN-27
ref:can