ကြာသပတေး၊ ဖေဖော်ဝါရီလ ၂၉ရက်၊ ၂၀၂၄

အင်ဒိုနီးရှားရှိ မာရာပီ မီးတောင်ပေါက်ကွဲ၍ တောင်တက်သမား ၁၁ ဦးသေဆုံး၊ ၁၂ ဦး ပျောက်ဆုံးနေ


  • ရေးသူ: Web Master (NN 27)
  • | ရက်စွဲ: ၀၄ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 546

အင်ဒိုနီးရှားနိုင်ငံရှိ မာရာပီမီးတောင် တနင်္ဂနွေနေ့က ပေါက်ကွဲခဲ့ရာ တောင်တက်သမား ၁၁ ဦးသေဆုံးပြီး ၁၂ဦး ပျောက်ဆုံးနေသည်ဟု သိရသည်။

မာရာပီ မီးတောင်တစ်ဝိုက်တွင် တောင်တက်နေသူ ၇၅ ဦးရှိပြီး အများစုကို ဘေးအန္တရာယ်ကင်းစွာ ကယ်တင်နိုင်ခဲ့သည်။

မာရာပီ မီးတောင်သည် အင်ဒိုနီးရှားရှိ လှုပ်ရှားနေသော မီးရှင်တောင် ၁၂၇ လုံးအနက် တစ်လုံးအပါအဝင်ဖြစ်ပြီး တနင်္ဂနွေနေ့က ပေါက်ကွဲမှုတွင် အမြင့်ပေ ၉၈၀၀ အထိ ပြာပူများ မှုတ်ထုတ်ခဲ့သည်။

 

အာဏာပိုင်များက ဒုတိယအမြင့်ဆုံး သတိပေးချက်ထုတ်ပြန်ထားပြီး မီးတောင်အနီး နှစ်မိုက်ပတ်လည်သို့ သွားရောက်ခြင်းမပြုကြရန် ဒေသခံများကို ညွှန်ကြားထာသည်။

 

 မီးတောင်ဝ အနီးမှ ဒဏ်ရာရထားသော တောင်တက်သမား သုံးဦးကို ကယ်တင်နိုင်ခဲ့ပြီး၄၉ ဦးကို ကယ်ထုတ်နိုင်ခဲ့ကြောင်း ပဒန်း ရှာဖွေရေးနှင့်ကယ်ဆယ်ရေးအေဂျင်စီမှ အဗ္ဗဒူ မာလစ်ကပြောသည်။

 

ဗီဒီယိုပုံများအရ တနင်္ဂနွေနေ့ မီးတောင်ပေါက်ကွဲစဉ် မီးတောင်ပြာမှုန်တိမ်တိုက်များ မီးတောင်တစ်ဝိုက် ကောင်းကင်တွင် မြင်တွေ့ကြရပြီး ပြာဖုံးနေသော မော်တော်ကားများနှင့် လမ်းမများကို မြင်တွေ့ကြရသည်။

 

 အမြင့်ပေ ၉၄၈၅ ရှိ မာရာပီ မီးတောင်သည်အင်ဒိုနီးရှား၏ အနောက်ဘက်စွန်း ဆူမာတြာ ကျွန်းပေါ်တွင် တည်ရှိသည်။ NN-27

ref:bbcworld

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!