တနင်္လာ၊ မေလ ၆ရက်၊ ၂၀၂၄

Facebook နှင့် Messenger တို့မှ ပေးပို့သော Messages များအား ဖတ်ရှုမရအောင် အလိုအလျောက် ဖျက်ပစ်နိုင်သည့် E2EEစနစ် Meta က စတင် အကောင်ထည်ဖော်


  • ရေးသူ: Web Master (NN 27)
  • | ရက်စွဲ: ၀၈ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 887

Facebook နှင့် Messenger တို့မှ ပေးပို့သော Messages များကို (ပေးပို့သူ နှင့် လက်ခံသူမှတစ်ပါး) အလိုအလျောက် ဖတ်ရှုမရအောင် ဖျက်ပစ်နိုင်သည့် စနစ်တစ်ရပ်ကို ဖေ့စ်ဘွတ်ခ်၏ မိခင်ကုမ္ပဏီ Meta က စတင်လိုက်ပြီဖြစ်ကြောင်း ကြေညာလိုက်သည်။

အလိုအလျောက် end-to-end encryption ( E2EE ) စနစ်အရ မက်ဆေ့ နှင့် ခေါ်ဆိုမှုများအားလုံး ပေးပို့သူ နှင့် လက်ခံသူ နှစ်ဦးသာ ဖတ်ရှုနားထောင်နိုင်တော့မည်ဖြစ်သည်။

 

 Message များအား ဖတ်မရအောင် encrypted ပြုလုပ်ခြင်းမှာ ယခင်ကတည်းက ရှိခဲ့သော်လည်း ယခုအခါ အလိုအလျောက် ပါဝင်နေမည်ဖြစ်သည်။

 

ယခုကဲသို့ default encryption ထည့်သွင်းမှုနှင့် ပတ်သက်၍ ဗြိတိန်အစိုးရ နှင့် ရဲတပ်ဖွဲ့က ဝေဖန်မှုရှိခဲ့ပြီး ကလေးသူငယ်များအပေါ် လိင်ပိုင်းဆိုင်ရာ ရာဇဝတ်မှုများ ထောက်လှမ်းရန် အခက်တွေ့စေသည်ဟု ဆိုသည်။

 

 Meta ၏ ကြေညာချက်အရ ယခုကဲ့သို့ အလိုအလျောက် E2EE စနစ်မထည့်သွင်းမီ ပုဂ္ဂလိကလွတ်လပ်ခွင့် နှင့် လုံခြုံရေးအပေါ် ထိခိုက်နိုင်စွမ်းရှိမှုအတွက် ကျွမ်းကျင်သူများ၊ ပညာရှင်များ၊ ရှေ့နေများ၊ အစိုးရအဖွဲ့များနှင့် ညှိနှိုင်းတိုင်ပင်မှု ပြုခဲ့သည်ဟု ဆိုသည်။

 

 ကလေးသူငယ်များအပေါ် လိင်ပိုင်ဆိုင်ရာ ရာဇဝတ်မှုဖြစ်စေနိုင်သည့် ဝေဖန်မှုများ ရှိနေသော်လည်း ဖေ့စ်ဘွတ်ခ် နှင့် မက်ဆင်ဂျာက ယခုထည့်သွင်းလိုက်သည့်စနစ်သည် လုံခြုံရေးစံတစ်ခု ဖြစ်သည်ဟု လန်ဒန် ဘုရင့်ကောလိပ်မှ ပါမောက္ခ မတင် အယ်ဗရက်က ပြောသည်။

 

 ဒါက အစိုးရ နဲ့ စီးပွါးရေးလုပ်ငန်းများရဲ့ ဆက်သွယ်မှု လုံခြုံရေးအတွက်သာမက မိဘနဲ့ သားသမီးကြား၊ မိတ်ဆွေတွေ အကြား၊ အသက်အရွယ်မျိုးစုံ အပြန်အလှန်ဆက်သွယ် စကားပြောမှုတွေကိုပါ လုံခြုံစေပါတယ်ဟု သူက ဆိုသည်။

 

 Privacy Informational လှုံ့ဆော်ရေးအုပ်စုကလည်း ယခု E2EE စနစ် ထည့်သွင်းမှုကို ထောက်ခံသည်။ဒါဟာ ဂျာနယ်လစ်တွေ၊ လူ့အခွင့်အရေးကာကွယ်သူတွေ၊ ရှေ့နေတွေ၊ အနုပညာသမားတွေနဲ့ ဖိနှိပ်ခံလူနည်းစုတွေ အတွက် အချက်အလက်ဆာလောင်နေတဲ့ ကုမ္ပဏီအဖွဲ့အစည်းတွေရဲ့ အနှောက်အယှက်ပေးမှုက တားဆီးဖို့ မရှိမဖြစ်လိုအပ်တဲ့ အကာအကွယ်တစ်ခုဖြစ်ပါတယ်ဟု ပြောဆိုခဲ့သည်။  NN-27 ref:BBCWorld

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!