စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

ဘင်္ဂလားဒေ့ရှ်ရွေးကောက်ပွဲမတိုင်မီ အတိုက်အခံပါတီဝင် ၂၁၈၃၅ ဦး ဖမ်းဆီးထိန်းသိမ်းခံထားရ


  • ရေးသူ: Web Master (NN 30)
  • | ရက်စွဲ: ၁၉ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 902

လာမည့် ဇန်နဝါရီ ၇ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အထွေထွေရွေးကောက်ပွဲကို ကျင်းပမည်ဖြစ်ရာ ယင်းမတိုင်မီ အတိုက်အခံ ဘင်္ဂလားဒေ့ရှ် အမျိုးသားပါတီ BNP ( Bangladesh Nationalist Party) မှ ပါတီဝင် ၂၁၈၃၅ ဦး ဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း  ၎င်းပါတီကို လိုလားသည့် ရှေ့နေအဖွဲ့ (BJAF) က ပြောဆိုလိုက်သည်။

အောက်တိုဘာလ ၂၈ ရက်နေ့မှစပြီး ၎င်းသူများမှာ ဖမ်းဆီးခံထားရခြင်းဖြစ်ပြီး ဒီမိုကရေစီ မြင့်တင်ရန်နှင့် ပြည်သူများ၏ မဲပေးပိုင်ခွင့်ကို ပျက်ပြားရန်ရည်ရွယ်၍ လက်ရှိ အဝါမီလိဂ်ပါတီ အစိုးရက ဖမ်းဆီးထိန်းသိမ်းခြင်းဟု စွပ်စွဲပြောဆိုသည်။

ပြီးခဲ့သော ၁၄ ပတ်အတွင်း BNP ခေါင်းဆောင်များနှင့် တက်ကြွလှုပ်ရှားသူ စုစုပေါင်း ၁၂၄၉  ဦးအား အမှုပေါင်း ၇၉ မှုဖြင့် ထောင်ဒဏ်များ အသီးသီး ချမှတ်ခြင်းထားကြောင်း BJAF အတွင်းရေးမှူးချုပ် Kayser Kamal က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်

၎င်းသတင်းစာရှင်းလင်းပွဲသည် လက်ရှိ အဝါမီလိဂ်ပါတီ ခေါင်းဆောင်နှင့် စိုက်ပျိုးရေးဝန်ကြီး Abdur Razzaque ပြောကြားချက်အပေါ် ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် ကျင်းပခဲ့ခြင်းဖြစ်သည်။

ပုဂ္ဂလိက ရုပ်သံလိုင်းတစ်ခုနှင့် အင်တာဗျူးတွင် စိုက်ပျိုးရေးဝန်ကြီး Razzaque က ဇန်နဝါရီ ၇ ရက် အမျိုးသား ရွေးကောက်ပွဲတွင် ပါဝင်ခဲ့မည်ဆိုပါက ထောင်ကျနေသော BNP ခေါင်းဆောင်များကို လွှတ်ပေးရန် ကမ်းလှမ်းထားကြောင်း ပြောကြားခဲ့သည်။

သို့သော်လည်း BNP က အဆိုပြုချက်ကို လက်မခံကြောင်း အတိုက်အခံ BNP ပါတီကိုလိုလားသည့်   ရှေ့နေအဖွဲ့   အတွင်းရေးမှူးချုပ် Kayser Kamal က ဆက်လက်ပြောဆိုသည်။

ဘင်္ဂလားဒေ့နိုင်ငံ၏ အထွေထွေရွေးကောက်လာမည့်နှစ် ဇန်နဝါရီ ၇ ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ပြီး ခါလစ်ဒါဇီယာ ဦးဆောင်သည့် အတိုက်အခံ BNP ပါတီက လာမည့်ရွေးကောက်ပွဲကို လက်ရှိ ရှိတ်ဟာဆီးနာ ဦးဆောင်သည့် အဝါမီလိဂ် အစိုးရအောက်တွင် မကျင်းပဘဲ ကြားဖြတ်အစိုးရအောက်တွင် ပြုလုပ်ရန်တောင်းဆိုနေရာမှ အငြင်းပွားမှု ပေါ်ပေါက်နေပြီး နိုင်ငံအနှံ့ သပိတ်မှောက်မှုများနှင့် အဓိဂရုဏ်များ ဖြစ်ပေါ်နေကြောင်း သိရှိရသည်။

NN-30

Ref: The Daily Star

ဆက်စပ် သတင်းများ