သောကြာ၊ မေလ ၁၀ရက်၊ ၂၀၂၄

ပါကစ္စတန်တွင် နှစ်သစ်ကူးပွဲတော် အခမ်းအနားများ ကျင်းပခြင်း မပြုလုပ်ရန် အစိုးရက ပိတ်ပင်တားမြစ်


  • ရေးသူ: Web Master (NN 27)
  • | ရက်စွဲ: ၃၀ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 557

ဂါဇာရှိ ပါလက်စတိုင်းပြည်သူများနှင့်အတူ သွေးစည်းညီညွတ်မှု ရှိကြောင်း ပြသသည့်အနေဖြင့် ပါကစ္စတန်ပြည်သူများ နှစ်သစ်ကူးကြိုဆိုပွဲ အခမ်းအနားများကို ကျင်းပခြင်းမပြုလုပ်ကြရန် ပါကစ္စတန်အစိုးရက ကြာသပတေးနေ့တွင် ထုတ်ပြန်ကြေညာလိုက်သည်။

ပါကစ္စတန်ဝန်ကြီးချုပ် အန်ဝါအူဟတ် ကာကာ၏ ရုပ်သံမှတစ်ဆင့် ထုတ်လွှင့်သော မိန့်ခွန်းတွင် ဂါဇာတွင် ဖြစ်ပေါ်နေသော အခြေအနေများကြောင့် နှစ်သစ်ကူးပွဲတော်နှင့်သက်ဆိုင်သည့် မည်သည့်အခမ်းအနားကိုမဆို ပိတ်ပင်တားမြစ်လိုက်သည်ဟု ဖော်ပြထားသည်။

အောက်တိုဘာလ ၇ ရက် ဟားမတ်စ်တို့၏ တိုက်ခိုက်မှုကို လက်တုန့်ပြန်သည့် ဂါဇာထိုးစစ် စတင်ချိန်မှစ၍ အစ္စရေးတို့၏ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှု နှင့် မြေပြင်ထိုးစစ်ကြောင့် ပါလက်စတိုင်းပြည်သူ ၂၁၃၂၀ သေဆုံးခဲ့ရပြီး အများစုမှာ ကလေးသူငယ်နှင့် အမျိုးသမီးများဖြစ်သည်ဟု သိရသည်။

“ ဂါဇာ နဲ့ အနောက်ဘက်ကမ်းက ဖိနှိပ်ခံ ပါလက်စတိုင်းပြည်သူတွေ အထူးသဖြင့် အမျိုးသမီးနဲ့ ကလေးသူငယ်တွေအပေါ် လူမျိုးတုန်း သတ်ဖြတ်မှုတွေကြောင့် ပါကစ္စတန်တစ်နိုင်ငံလုံးနဲ့ ဘာသာရေးခေါင်းဆောင်များက အင်မတန် စိတ်ထိခိုက်နေကြပါတယ်” ဟု ဝန်ကြီးချုပ် အန်ဝါ အူဟတ် ကာကာ ကပြောကြားခဲ့သည်။

ပါကစ္စတန်နိုင်ငံသည် နှစ်စဉ် နှစ်သစ်ကူးကြိုဆိုပွဲအခမ်းအနားများကို ကြီးကျယ်ခမ်းနားစွာ ကျင်းပလေ့ရှိပြီး မီးရှူးမီးပန်းများ ပစ်ဖောက်ခြင်း၊ သေနတ်များ မိုးပေါ်ထောင်ပစ်ခြင်း၊ ဇန်နဝါရီလ ၁ ရက်နေ့ကို ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးခြင်းများ ပြုလုပ်လေ့ရှိသည်။

 

NN-27

 

ref: Bangkok Post

ဆက်စပ် သတင်းများ