သောကြာ၊ မေလ ၁၀ရက်၊ ၂၀၂၄

၂၀၂၃ ခုနှစ်အတွင်း ကမ္ဘာ့လူဦးရေ ၇၅သန်းတိုးပွားလာပြီး ကမ္ဘာ့လူဦးရေ သန်းပေါင်း ၈၀၀၀ ရှိလာ


  • ရေးသူ: Web Master (NN 27)
  • | ရက်စွဲ: ၃၀ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 708

၂၀၂၃ ခုနှစ်အတွင်း ကမ္ဘာ့လူဦးရေ ၇၅ သန်း တိုးပွါးလာပြီး ကမ္ဘာ့လူဦးရေစုစုပေါင်းမှာ သန်းပေါင်း ၈၀၀၀ ရှိလာပြီဟု အမေရိကန် သန်းခေါင်စာရင်းဗျူရို၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

အဆိုပါ ထုတ်ပြန်ချက် အစီရင်ခံစာအရ လာမည့် ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့တွင် ကမ္ဘာ့လူဦးရေသည် ၈၀၁၉၈၇၆၁၈၉ ရှိလာမည်ဟု ဆိုသည်။

၂၀၂၃ ခုနှစ်အတွင်း တိုးပွါးလာသော လူဦးရေမှာ ၇၅၁၆၂၅၄၁ ဖြစ်သည်။ ၂၀၂၄ နှစ်ဆန်းမှ စ၍ ကမ္ဘာပေါ်တွင် တစ်စက္ကန့်လျှင် လူ ၄ ဒသမ ၃ ဦးမွေးဖွားပြီး ၂ ဦး သေဆုံးနေမည်ဟု အဆိုပါ သန်းခေါင်စာရင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။

၂၀၂၃ ခုနှစ်အတွင်း အမေရိကန်လူဦးရေတိုးနှုန်းမှာ ၀ ဒသမ ၅၃% ရှိပြီး ၁ ဒသမ ၇ သန်းတိုးပွါးလာကာ ၂၀၂၄နှစ်စတွင် စုစုပေါင်း လူဦးရေ ၃၃၅.၈သန်း ရှိလာမည်ဟု ဆိုသည်။

NN-27

Ref: DW

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!