ဒီဇင်ဘာလ၃၀ ရက်နေ့က ယူကရိန်းက ပစ်လွှတ်လိုက်သော ဒုံးကျည်များ ရုရှားအနောက်တောင်ပိုင်းဘယ်လ်ဂိုရော့ဒ်မြို့သို့ ကျရောက်ပေါက်ကွဲသဖြင့် အရပ်သား၂၀ ဦးသေဆုံးပြီး ၁၀၀ ကျော် ဒဏ်ရာရရှိခဲ့သည်ဟု ရုရှတို့က ပြောဆိုခဲ့သည်။
၎င်းပြင် ယူကရိန်းသည်အရပ်သားများကို ပစ်မှတ်ထား၍ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်နေသည်ဟုကုလ လုံခြုံရေးကောင်စီ အရေးပေါ် အစည်းအဝေးတွင်စွပ်စွဲပြောကြား လိုက်သည်။
ကုလသမဂ္ဂဆိုင်ရာရုရှားသံအမတ်ကြီး ဗာစီလီ နီဗင်ဇာက ယူကရိန်သည် အရပ်သားများနေထိုင်သည့်မြို့ကို ပစ်မှတ်ထား၍ အကြမ်းဖက် တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း၊လုံခြုံရေးကောင်စီအနေဖြင့် လိုအပ်သလို အရေးယူရမည်ဖြစ်ကြောင်းဘယ်လ်ဂိုရော့ဒ်မြို့ တိုက်ခိုက်ခံရသည့် အထောက်အထား ဗီဒီယိုလင့်ပါကျူအာကုဒ်ကို ကိုင်မြှောက်ပြသရင်း ပြောကြားခဲ့သည်။
ကုလသမဂ္ဂဆိုင်ရာယူကရိန်းသံအမတ် ဆာဟီ ဗွန်နစ်ကလည်း ကရင်မလင်အာဏာရှင်တစ်ဦးကြောင့်ဖြစ်ပေါ်နေသည့် စစ်ပွဲရှိနေသမျှ အသက်ဆုံးရှုံးမှုများတိုးပွားနေမည်ဖြစ်ကြောင်း၊ ပြီးခဲ့သည့် သောကြာနေ့ကပင် ရုရှားတို့၏ဒုံးကျည် နှင့် ဒရုန်းများကြောင့် ယူကရိန်းပြည်သူများ သေဆုံးခဲ့၇ကြောင်းပြောကြားခဲ့သည်။
ကုလဆိုင်ရာအမေရိကန်သံအမတ် ဂျွန်ကယ်လီက ရုရှားသမ္မတ ပူတင်ကို အဓိက အပြစ်တင်ဝေဖန်သွားသည်။
" ဒါဟာ ပူတင်ဖန်တီးလိုက်တဲ့ စစ်ပွဲပါ။ သူ့ရဲ့ ရွေးချယ်မှုပါပဲ" " ရုရှားကဒီစစ်ပွဲကို ဒီနေ့ရပ်ရင် စစ်က ပြီးသွားပါလိမ့်မယ်။ ကျွန်တော်တို့ အနေနဲ့ကပဋိပက္ခတိုင်းရဲ့ နှစ်ဖက်စလုံးက အရပ်သားတွေကို အကာအကွယ်ပေးဖို့ပဲတိုက်တွန်းလိုပါတယ်" ဟု ပြောဆိုခဲ့သည်။
ကုလသမဂ္ဂဆိုင်ရာဗြိတိသျှသံအမတ် သောမတ်စ် ဖစ်က အရပ်သားများအသက်ဆုံးရှုံးရမှုအတွက်ဗြိတန်က အထူးဝမ်းနည်းကြောင်း ပြောကြားခဲ့ပြီးလွန်ခဲ့သည့် နှစ် နှစ်က ကျူးကျော်စစ် ဆင်နွှဲခဲ့သူရုရှားကို အပြစ်တင်သွားခဲ့သည်။
" ခုချိန်မှာရုရှားစစ်သား ထောင်ပေါင်းများစွာ ယူကရိန်းထဲ ရောက်နေကြတယ်။ ရုရှားနယ်မြေထဲမှာယူကရိန်းစစ်သားတစ်ယောက်မှ မရှိဘူး။ ရုရှားအရပ်သားတွေ သေဆုံးရလို့ တစ်ယောက်ယောက်ကို ရုရှားက အပြစ်ပုံချချင်တယ်ဆိုရင် ပထမဆုံးအပြစ်ပုံ၇မယ့်သူက သမ္မတပူတင်ပဲဖြစ်တယ်" ဟု သောမတ်စ်ဖစ်က ပြောကြားခဲ့သည်။
တစ်ဆက်တည်းမှာပင်" ရုရှားဟာ ယူကရိန်းစစ်တပ်ကို အနိုင်မရတဲ့အခါ အရပ်သားတွေကိုပစ်မှတ်ထား တိုက်ခိုက်နေတာပဲဖြစ်တယ်" ဟု သူက ပြောကြားခဲ့သည်။
စနေနေ့ကတိုက်ခိုက်ခံရသော ဘယ်လ်ဂိုရော့ဒ်မြို့မှာ ယူကရိန်နယ်စပ်မှ မိုင် ၂၀ အကွာတွင် တည်ရှိသော ရုရှားမြို့တစ်မြို့ဖြစ်သည်။
ဆိုရှယ်မီဒီယာများပေါ်တွင်တွေ့မြင်ရသော ဗီဒီယိုများအရ မြို့လယ်ခေါင်လမ်းပေါ်တွင်မီးလောင်ထားသော မော်တော်ကားများ နှင့် အပျက်အစီးများ၊မီးခိုးလုံးများထွက်နေပြီး ကြီးမားသောပေါက်ကွဲသံများ ကြားကြ၇သည်။
ယခုတိုက်ခိုက်မှုမှာယူကရိန်းအား ရုရှားက ကျူးကျော်ပြီး နှစ်နှစ်တာအတွင်းရုရှားမြေပေါ်တွင် အကြီးမားဆုံး တိုက်ခိုက်ခံရမှုတစ်ခုဟု ဆိုသည်။ ယူကရိန်းတို့သည် တိုက်ခိုက်မှုတွင် ဗီလ်ခါ ဒုံးပျံနှစ်စင်းချက်နိုင်ငံလုပ် ဒုံးကျည်များ အသုံးပြုခဲ့သည်ဟုရုရှားတို့ကဆိုသည်။
ဘယ်လ်ဂိုရော့ဒ်မြို့တိုက်ခိုက်ခံ၇ပြီး မကြာမီမှာပင် ဒီဇင်ဘာ ၃၁ ရက်မနက်ပိုင်းကရုရှားတို့သည် ယူကရိန်း မြို့တော် ကိယက်ဗ် နှင့် ခါကိဗ်တို့အားဒရုန်းများဖြင့်တိုက်ခိုက်ခဲ့ရာ လူနေတိုက်ခန်းများ မီးလောင်နေသည်ကိုတွေ့မြင်၇သည်။
NN-27
ref: bbcworld/ afp