ဂျပန်နိုင်ငံတိုကျိုမြို့ ဟာနေဒါ လေဆိပ်တွင် ယနေ့ဇန်နဝါရီ ၂ ရက်နေ့ ညနေပိုင်းက ဂျပန်ခရီးသည်တင်လေယာဉ်တစ်စီးမီးလောင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။
မီးလောင်ပေါက်ကွဲမှုဖြစ်ပွား၇ခြင်းမှာဂျပန်ကမ်းခြေစောင့်တပ်မှ လေယာဉ်တစ်စီးနှင့်လေဆိပ် ပြေးလမ်းပေါ်တွင်တိုက်မိသောကြောင့် ဖြစ်သည်ဟု ကနဦးသတင်းများကဆိုသည်။
ဂျပန်NHK သတင်းဌာနကတိုက်ရိုက်ထုတ်လွှင့်သော ရုပ်သံများအရ လေဆိပ်ပြေးလမ်းပေါ်တွင်ပေါက်ကွဲပြီး မီးစွဲလောင်နေသော ခရီးသည်တင်လေယာဉ်ကို မြင်တွေ့ကြ၇သည်။
ဂျပန်ခရီးသည်တင်လေယာဉ်ပေါ်တွင်လေယာဉ်ဝန်ထမ်း နှင့် ခရီးသည် စုစုပေါင်း ၃၇၉ ဦး လိုက်ပါလာခဲ့ရာအားလုံး အချိန်မီ ကယ်တင်နိုင်ခဲ့ပြီး အသက်ဘေးမှ လွတ်မြောက်ခဲ့သည်ဟုသိရှိ၇သည်။
ဂျပန်လေကြောင်းလိုင်းမှA-350အဲယားဘတ်စ်အမျိုးအစား ခရီးသည်တင်လေယာဉ်သည် ခရီးစဉ်အမှတ်JL516 ဖြင့်ဟော့ကိုင်းဒိုကျွန်း၊ ဆပ်ပိုရိုမြို့ ချီတိုဆီလေဆိပ်သစ်မှတိုကျို ဟာနေဒါလေဆိပ်သို့ ပျံသန်းဆင်းသက်လာစဉ် ညနေ ၅:၄ရနာရီအချိန်တွင် လေဆိပ် ပြေးလမ်းပေါ်၌ ဂျပန်ကမ်းခြေစောင့်လေယာဉ်နှင့် တိုက်မိပြီး မီးလောင်ပေါက်ကွဲသွားခြင်းဖြစ်သည်။
လေယာဉ်တစ်စီးလုံးမီးလောင်သွားပြီး လေဆိပ်ပြေးလမ်းပေါ်တွင် မီးသတ်သမားများက ပြင်းအားမြင့် ရေပန်းများဖြင့်ရေဖျန်းပြီး မီးငြှိမ်းသတ်နေကြသည်ကို ရုပ်သံသတင်းများတွင်မြင်တွေ့ကြ၇သည်။
လေယာဉ်မီးလောင်မှုဖြစ်ပွားသဖြင့်ဟာနေဒါလေဆိပ်ကို ပိတ်ထားလိုက်ရသည်ဟု သိရသည်။ ယခု သတင်းရေးနေချိန်ထိ မီးလောင်နေသည့် လေယာဉ်ကို မီးငြှိမ်းသတ်နေကြဆဲဖြစ်သည်။
NN-27
ref:NHK/can