Preview

ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲ စတင်ကျင်းပ

ဇန်နဝါရီ ၀၇/ ၂၀၂၄ | ကြည့်ရှုသူ :1082
နိုင်ငံတကာ သတင်း

(အတိုက်အခံပါတီက သပိတ်မှောက်ထား၍ အာဏာရအဝါမီလိဂ်ပါတီကပင် အနိုင်ရရှိရန်ရေပန်းစား)  

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏၁၂ ကြိမ်မြောက် လွှတ်တော်ရွေးကောက်ပွဲကို  ဇန်နဝါရီ(ရ)ရက်နေ့က နိုင်ငံတစ်ဝန်းတွင်စတင်ကျင်းပသည်။

နိုင်ငံတဝန်း မဲပေးကြရမည့် မဲဆန္ဒရှင်ပြည်သူမှာ  ၁၁၉ ဒသမ ၆သန်း ရှိသည်ဟုသိရှိရသည်။ မဲရုံစင်တာပေါင်း  ၄၂၀၂၄ နှင့် မဲရုံပေါင်း  ၂၆၁,၉၁၂ ရှိပြီး  တနင်္ဂနွေနေ့ နံနက် ၈ နာရီတွင် စတင် မဲပေးခဲ့ပြီးညနေ ၄ နာရီတွင် မဲရုံပိတ်မည်ဖြစ်သည်။လွှတ်တော်ကိုယ်စားလှယ်နေရာ ၂၉၉ နေရာအတွက် မဲပေးကြမည်ဖြစ်သည်။

ရွေးကောက်ပွဲကို အတိုက်အခံ ဘင်္ဂလားဒေ့ရှ်အမျိုးသားပါတီ(BNP) က သပိတ်မှောက်ထားသဖြင့်  နိုင်ငံ၏ နေရာအတော်များများတွင် မီးရှို့မှုများ၊ သတ်ဖြတ်မှုများစသည့် အကြမ်းဖက်မှုများ ဖြစ်ပေါ်နေသည်။

ကိုယ်စားလှယ်လောင်းတစ်ဦးသေဆုံးပြီးနောက်မဲဆန္ဒနယ်တစ်ခုတွင် မဲပေးမည်ကိုရွှေ့ဆိုင်းခဲ့သည်။

လွှတ်တော်အမတ်(၂၉၉)နေရာအတွက် ကျင်းပသည့် ယခုရွေးကောက်ပွဲတွင် လက်ရှိအာဏာရ အဝါမီ လိဂ် နှင့်မဟာမိတ်ပါတီများကသာ စတုတ္ထအကြိမ် ဆက်လက်အနိုင်ရရှိရန် ရေပန်းစားနေပြီး အတိုက်အခံ BNPပါတီနှင့်နောက်လိုက်များက ရွေးကောက်ပွဲနေ့တွင် အိမ်အပြင် မထွက်ရန် တိုက်တွန်းထားသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတစ်ဝန်းရွေးကောက်ပွဲအကြိုကာလတွင် အကြမ်းဖက်မှုများ ဖြစ်ပေါ်ခဲသည့် အတွက် ရွေးကောက်ပွဲ လာရောက်မဲပေးသူဦးရေနည်းပါးနိုင်ပြီး ရွေးကောက်ပွဲကော်မရှင်နှင့် အဝါမီလိဂ် အစိုး၇အတွက်စိန်ခေါ်မှုတစ်ခု ဖြစ်နေသည်။

မဲရုံပေါင်း ၁၀၀၀၀ ခန့်မှာအန္တရာယ်ရှိနိုင်သည်ဟု ယူဆရပြီး တစ်နိုင်ငံလုံးတွင် မဲရုံလုံခြုံရေးအင်အား ၈၀၀၀၀၀ချထားသည်ဟု သိရသည်။ ရွေးကောက်ပွဲကို နိုင်ငံတကာမှ လေ့လာစောင့်ကြည့်သူပေါင်း ၂၀၀ကျော် နှင့် ပြည်တွင်းအဖွဲ့အစည်း ၈၄ ခုမှ လေ့လာစောင့်ကြည့်သူပေါင်း ၂၀ရ၇၃ တို့ကစောင့်ကြည့်မည်ဟု သိ၇သည်။

အတိုက်အခံ ဘင်္ဂလားဒေ့ရှ်အမျိုးသားပါတီ (BNP)သည်လက်ရှိ ရွေးကောက်ပွဲအား ကြားဖြတ်အစိုးရအောက်တွင် ပြုလုပ်တောင်းဆိုနေပြီး လက်ရှိအစိုးရအောက်မှပြုလုပ်သည့် ရွေးကောက်ပွဲကို အယုံအကြည်မရှိဟုဆိုကာ သပိတ်မှောက်ထားသည်။   NN-27

ref:dhakatribune

 

#ဘင်္ဂလားဒေ့ရှ်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.