ဘင်္ဂလားဒေ့ရှ်နိုင်ငံပါလီမန်ရွေးကောက်ပွဲများကို ဇန်နဝါရီ (ရ)ရက်က ကျင်းပခဲ့ရာလက်ရှိဝန်ကြီးချုပ် ရှိတ်ဟာဆီနာ၏ အဝါမီလိဂ်နှင့် မဟာမိတ် ပါတီများကအမတ်နေရာ (၃၀၀) ရှိသော လွှတ်တော်တွင် အမတ်နေရာ (၂၂၃) အနိုင်ရရှိခဲ့သည်။
ထို့ကြောင့်လက်ရှိဝန်ကြီးချုပ် ဟာဆီနာသည် ဘင်္ဂလားဒေ့ရှ်အစိုးရအဖွဲ့ကို နောက်ထပ်ငါးနှစ်သက်တမ်း ထပ်မံတာဝန်ထမ်းဆောင်ခွင့် ရရှိသွားခဲ့ပြီဖြစ်သည်။
အဓိကအတိုက်အခံဘင်္ဂလားဒေ့ရှ် အမျိုးသားရေးပါတီ (BNP)က ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ခဲ့ခြင်း မရှိသည့်အတွက် ရှိတ်ဟာဆီနာ၏ အဝါမီလိဂ်ပါတီနှင့်မဟာမိတ်ပါတီများက လွှတ်တော် အမတ်နေရာများကိုယူနိုင်ခဲ့သည်ဟု ခန့်မှန်းကြသည်။
ဘင်္ဂလားဒေ့ရှ်အမျိုးသားရေးပါတီ(BNP)က ရွေးကောက်ပွဲသည်အတုအယောင်သာဖြစ်သည်ဟုစွပ်စွဲထားသည်။ BNP ပါတီခေါင်းဆောင်များနှင့်ထောက်ခံသူအများအပြား ဖမ်းဆီးခံရချိန်တွင် တနင်္ဂနွေနေ့ရွေးကောက်ပွဲ၇လဒ်များထွက်ပေါ်လာခြင်းဖြစ်သည်
တရားဝင်ထုတ်ပြန်သောစာရင်းများအရရွေးကောက်ပွဲ မဲပေးသူ ဦးရေမှာ ၄၀ ရာခိုင်နှုန်းသာရှိပြီး၂၀၁၈ ရွေးကောက်ပွဲထက် မဲပေးသူဦးရေ ထက်ဝက်နည်းပါသည်ဟုဝေဖန်သူများက ဆိုသည်။
တစ်သီးပုဂ္ဂလလွှတ်တော်အမတ် ၄၅ နေရာ အနိုင်၇ခဲ့ပြီး ဂျတိယပါတီက ၈နေရာ အနိုင်၇ခဲ့သည်။ တစ်သီးပုဂ္ဂလအမတ်အားလုံးမှာအဝါမီ လိဂ်ပါတီမှဖြစ်သည်ဟုဆိုသည်။
ရွေးကောက်ပွဲရလဒ်များကို တနင်္လာနေ့ ညနေပိုင်းတွင် ဆက်လက်ထုတ်ပြန်မည်ဟု သိရသည်။ ဝန်ကြီးချုပ် ဟာဆီနာ၏ ယခုရွေးကောက်ပွဲ အနိုင်ရရှိမှုမှာ ပဉ္စမအကြိမ်ဖြစ်သည်။
ဟာဆီနာသည်၁၉၉၆ ခုနှစ် ရွေးကောက်ပွဲတွင် အနိုင်၇ကာ ဝန်ကြီးချုပ်ဖြစ်လာခဲ့ပြီး၂၀၀၉ ခုနှစ် ရွေးကောက်ပွဲတွင် ထပ်မံရွေးကောက်တင်မြှောက်ခံရကာယနေ့အထိ အာဏာရရှိနေသူဖြစ်သည်။
" ဒီနိုင်ငံမှာဒီမိုကရေစီ ဆက်လက်ရှင်သန်နိုင်ဖို့ ကျွန်မ အကောင်းဆုံးကြိုးစားနေပါတယ်"ဟု ဟာဆီနာက မဲပေးစဉ် သတင်းထောက်များကို ပြောကြားခဲ့သည်။
လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့(HRW) ကပြီးခဲ့သည့် အောက်တိုဘာ ၂၈ ရက်အတိုက်အခံများ၏ ဆန္ဒပြပွဲများမှတစ်ဆင့် အကြမ်းဖက်မှုများဖြစ်ပေါ်လာပြီးနောက်တက်ကြွလှုပ်ရှားသူ ၁၀၀၀၀ ခန့် ဖမ်းဆီးခံထား၇သည်ဟုဆိုသည်။
NN-27
ref: AFP