ကြာသပတေး၊ ဇူလိုင်လ ၁၈ရက်၊ ၂၀၂၄

လူမျိုးတုန်းသတ်ဖြတ်မှုဖြင့် အိုင်စီဂျေတွင် အစ္စရေးကို တောင်အာဖရိကနိုင်ငံက တရားစွဲ


  • ရေးသူ: Web Master (NN 27)
  • | ရက်စွဲ: ၁၀ ဇန်နဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 840

လူမျိုးတုန်းသတ်ဖြတ်မှုဖြင့် တောင်အာဖရိကနိုင်ငံက နိုင်ငံတကာတရားရုံး( ICJ) တွင် အစ္စရေးနိုင်ငံအား တရားစွဲဆိုထားရာ အစ္စရေးသည် လာမည့်ဇန်နဝါရီ ၁၁ ရက် (ကြာသပတေးနေ့)တွင် နယ်သာလန်နိုင် သည်ဟေ့ဂ်မြို့တရားရုံးတွင် အမှုရင်ဆိုင်ရမည်ဟု သိရှိရသည်။

တောင်အာဖရိကနိုင်ငံက တရားလိုပြုလုပ်၍ ဂါဇာဒေသတွင် ပါလက်စတိုင်းပြည်သူများအား လူမျိုးတုန်းသတ်ဖြတ်ခဲ့သည် အစ္စရေးနိုင်ငံအား နိုင်ငံတကာ တရားရုံး ( International Courtif Justice) သို့တိုင်ကြားခဲ့ရာ အိုင်စီဂျေက အမှုကို လက်ခံပြီး စတင်ကြားနာခြင်းဖြစ်သည်။

တောင်အာဖရိက၏ စွပ်စွဲချက်နှင့်ပတ်သက်ပြီး အစ္စရေးက ဒေါသတကြီးငြင်းဆိုထားပြီး အစ္စရေးနိုင်ငံကို တမင်သက်သက် အသရေဖျက်ခြင်းသာ ဖြစ်သည်ဟုပြောဆိုသည်။

စာမျက်နှာ ၈၄ မျက်နှာပါဝင်သော အိုင်စီဂျေသို့ တင်သွင်းသည့် တောင်အာဖရိက၏ စွဲဆိုချက်တွင် အစ္စရေး၏ ဂါဇာ စစ်ဆင်ရေးအား ချက်ချင်းရပ်ဆိုင်းပေးရန် တိုက်တွန်းထားသည်။

တောင်အာဖရိက၏ စွဲဆိုချက်တွင် “ အစ္စရေးသည် ဂါဇာရှိ ပါလက်စတိုင်း ပြည်သူများအား လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်ခဲ့၊ ကျူးလွန်ဆဲ နှင့် ဆက်လက်ကျူးလွန်ရန်အန္တရာယ်ရှိနေသည်” ဟု ဖော်ပြထားသည်။

တောင်အာဖရိက၏ စွဲချက်ကို အစ္စရေးက ဒေါသတကြီးတုန့်ပြန်ခဲ့ပြီး အစ္စရေးအစိုးရ ပြောရေး ဆိုခွင့်ရှိသူ အိုင်လွန် လီဗိုင်းက သွေးဖြင့် အသရေဖျက်မှုသာဖြစ်ပြီး အမှုကို ပြတ်ပြတ်သားသား ခုခံရင်ဆိုင်သွားမည်ဟု ဆိုသည်။

အစ္စရေး နှင့် တောင်အာဖရိကနိုင်ငံမှ ထိပ်တန်းတာဝန်ရှိသူများသည် နယ်သာလန်နိုင်ငံ သည်ဟေ့ဂ်မြို့၊ ငြိမ်းချမ်းရေးနန်းတော် အဆောက်အဦး အတွင်းရှိ နိုင်ငံတကာ ရာဇဝတ်တရားရုံး(အိုင်စီဂျေ) တွင် အမှုကို ရင်ဆိုင်ကြရမည်ဖြစ်သည်။

နိုင်ငံတကာ တရားရုံး ( International Court of Justice) သည် နိုင်ငံအချင်းချင်းဖြစ်ပွါးသော အငြင်းပွါးမှုများကို လက်ခံဖြေရှင်းပေးပြီး ဥပဒေအရ စည်းနှောင်မှု ရှိသော်လည်း အာဏာသက်ရောက်မှု သိပ်မရှိပေ။

ယခုအမှုတွင် သီအိုရီအရ တောင်အာဖရိက က အနိုင်ရပြီး အစ္စရေး ကျူးကျော်မှု ချက်ချင်းရပ်ရန် ဆုံးဖြတ်ချက်ချ အမိန့်ပေးနိုင်သော်လည်း လက်တွေ့တွင် ဖြစ်လာနိုင်ဖွယ်မရှိပေ။

၂၀၂၂ ခုနှစ် မတ်လက အိုင်စီဂျေသည် ရုရှားအား ယူကရိန်းကျူးကျော်မှု ချက်ချင်းရပ်ဆိုင်းရန် အမိန့်ထုတ်ပြန်ခဲ့သော်လည်း ရုရှားက ဂရုမစိုက်ဘဲ နေခဲ့သည်။

 

NN-27

ref:CNA

ဆက်စပ် သတင်းများ