တနင်္ဂနွေ၊ ဧပြီလ ၂၈ရက်၊ ၂၀၂၄

ရာမူးမြို့ (ပန်းဝါ)ဗုဒ္ဓဘာသာဘုန်းကြီးကျောင်း မီးရှို့ဖျက်ဆီးမှုနဲ့ ပတ်သက်ပြီး BNP ပါတီအဖွဲ့ဝင် လူငယ်တစ်ဦးဖမ်းဆီးခံရ


  • ရေးသူ: Web Master (NN 30)
  • | ရက်စွဲ: ၁၁ ဇန်နဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 615

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ရာမူးမြို့ (ရခိုင်အခေါ်ပန်းဝါမြို့)တွင် ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းတစ်ကျောင်းအား  မီးရှို့ဖျက်ဆီးမှုနဲ့ ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ် အမျိုးသားပါတီ (BNP) ပါတီအဖွဲ့ဝင် တက်ကြွလှုပ်ရှားသူ လူငယ်တစ်ဦးကို ရဲက ဖမ်းဆီးလိုက်သည်။

ဖမ်းဆီးခံရသူကို ရာမူးမြို့  Fatekharkul တိုက်နယ် BNP ပါတီ ဥက္ကဋ္ဌ  Abdul Karim သား Abdul Yasir (ခေါ်) Shahjahan ဖြစ်သည်။  

ဘင်္ဂလားဒေ့ရှ် နိုင်ငံ အထွေထွေ ရွေးကောက်ပွဲမတိုင်မီ ဇန်နဝါရီ ၆ ရက်က ကော့ဘဇားခရိုင်၊ ရာမူးမြို့ ရှိ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း မီးရှို့ခံခဲ့ရသော်လည်း ဒေသခံများနှင့် မီးသတ်တပ်ဖွဲ့က အချိန်မီ မီးငြိမ်းသတ်နိုင်ခဲ့သည်ဟု သိရသည်။


ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် (၁၂) ကြိမ်မြောက် ပါလီမန် ရွေးကောက်ပွဲကို ဇန်နဝါရီ ၇ ရက်နေ့က ကျင်းပခဲ့သည်။

ဘုန်းတော်ကြီးကျောင်း မီးရှို့သူအား အင်္ဂါနေ့က စစ်ကောင်းတွင် ဖမ်းဆီးခံခဲ့ကြောင်း၊  ၎င်းသည် ကနဦး စစ်ဆေးမေးမြန်းမှု အတွင်း တိုက်ခိုက်မှုအတွက် တာဝန်ရှိကြောင်း ပြောဆိုခဲ့သည်ဟု ကော့စ်ဘဇားခရိုင်  ရဲမှူး Mahfuzul Islam ကပြောကြားသည်။

ဘုန်းတော်ကြီးကျောင်းကို မီးရှို့ရန် လှုံ့ဆော်သူများအထဲတွင် မည်သူများ နောက်ထပ် ပါဝင်သည်ကို ရဲတပ်ဖွဲ့က ဆက်လက် ရှာဖွေနေကြောင်း ၎င်းက ဆက်လက် ပြောသည်။


ဖမ်းဆီးခံရသူ  Shahjahan ကို တရားရုံးထုတ်ခဲ့ပြီး  ရဲတပ်ဖွဲ့က နောက်ထပ် စစ်ဆေးမေးမြန်းရန် ၇ ရက် ရမန် ယူထားသည်။

၂၀၁၂ ခုနှစ်ကလည်း ရာမူးမြို့ရှိ ရှေးဟောင်း ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်း အများအပြား မီးရှို့ဖျက်ဆီးခံခဲ့ရသည်။

နောက်ထပ် ဘုန်းကြီးကျောင်းကို ထပ်မံမီးရှို့ရန် ကြိုးပမ်းမှုအပေါ် ဒေသခံများက ဒေါသ ထွက်ခဲ့ကြသည်ဟုလည်း သတင်းတွင် ဖော်ပြထားသည်။ (NN-30)

 

Ref and Photo: The Financial Express

ဆက်စပ် သတင်းများ