Preview

ထိုင်ဝမ်သမ္မတရွေးကောက်ပွဲ လွတ်လပ်ရေးလိုလားသည့် DPP ပါတီမှ သမ္မတလောင်းအနိုင်ရရှိ

ဇန်နဝါရီ ၁၄/ ၂၀၂၄ | ကြည့်ရှုသူ :1478
နိုင်ငံတကာ သတင်း

ထိုင်ဝမ်သမ္မတရွေးကောက်ပွဲများကို ဇန်နဝါရီ-၁၃ရက်(စနေနေ့)က ကျင်းပခဲ့ရာ လွတ်လပ်ရေးလိုလားသော လက်ရှိအာဏာရ DPP (Democratic Progressive Party) ပါတီသမ္မတလောင်း ဝီလျံလိုင်း ချင်းတီ က အနိုင် ရရှိသွားခဲ့သည်။

ထိုင်ဝမ်သမ္မတရွေးကောက်ပွဲတွင်DPP ပါတီမှဝီလျံလိုင်းက မဲအရေအတွက် ၄၀.၀၅% ဖြင့် အနိုင်၇ခဲ့ပြီး ကူမင်တန် KMT ပါတီမှ မစ္စတာဟူ က၃၃.၄၉%၊ ထိုင်ဝမ်ပြည်သူ့ပါတီ(TPP) မှဒေါက်တာ ကို ဝမ်ဂျီက ၂၆.၄၆% ရရှိခဲ့သည်ဟု ဗဟို ရွေးကောက်ပွဲ ကော်မရှင်က ကြေညာသည်။

အနိုင်ရရှိလျှင်ရရှိခြင်း ဝီလျံ လိုင်းက အတိုက်အခံများကိုရော တရုတ်နိုင်ငံကိုပါငြိမ်းချမ်းရေးစကားလက်ဆောင် ပါးခဲ့သည်။

ရွေးကောက်ပွဲအနိုင်ရပြီးနောက်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဝီလျံ လိုင်းက- “ ဂုဏ်သိက္ခာ နဲ့ ညီမျှမှု အခြေခံအောက်မှာကျွန်တော်တို့အနေနဲ့ ပိတ်ဆို့ဟန့်တားမှုထက် ထိတွ့ဆက်ဆံမှုကို ဦးစားပေမယ်။ထိပ်တိုက် ရင်ဆိုင်မှုထက်ပူးပေါင်းဆောင်ရွက်မှုကို ဦးစားပေး လုပ်ဆောင် သွားမှာဖြစ်ပြီး တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးကိုလည်း ထိတွေ့ဆက်ဆံမှုနဲ့ပူးပေါင်းဆောင်ရွက်မှုအပေါ် အခြေခံပြီး လုပ်ဆောင်သွားမှာဖြစ်တယ်” ဟု ပြောကြားခဲ့သည်။


တိုင်နန်မြို့တော်ဝန်ဟောင်းမစ္စတာလိုင် သည် လွတ်လပ်ရေးလိုလားသူတစ်ဦးအဖြစ် လူသိများပြီး အတိုက်အခံ ပါတီများကသူတက်လာလျှင် ထိုင်ဝမ်အတွက် ပြဿနာပိုများလာနိုင်ပြီး တရုတ်ပြည်နှင့်ငြိမ်းချမ်းရေး၇နိုင်မည်မဟုတ်ဟု ပြောဆိုခဲ့ကြသည်။

အသက်၆၄ နှစ်ရှိ ဒုတိယသမ္မတလည်းဖြစ်သူ မစ္စတာ လိုင် ရွေးချယ်ခံရခြင်းမှာ အထူးအဆန်း မဟုတ်ကြောင်း၊ ရွေးကောက်ပွဲမတိုင်မီ ကောက်ယူသောစစ်တမ်းတွင် သူပင် အနိုင်၇မည်ဟု ဖော်ပြခဲ့ကြောင်း ထိုင်ဝမ်သတင်းများတွင် ဖော်ပြသည်။

မဲဆန္ဒပေးပွဲကျင်းပပြီး လေးနာရီအကြာတွင် ပြိုင်ဘက်ပါတီများက ၄င်းတို့ပါတီများရှုံးနိမ့်ကြောင်း ကြေညာပြီးနောက် မစ္စတာ လိုင် အနိုင်၇ကြောင်းအတည်ပြုနိုင်ခဲ့သည်။

လွှတ်တော်ရွေးကောက်ပွဲများနှင့်သမ္မတရွေးကောက်ပွဲကို တစ်ပြိုင်နက်တည်း ကျင်းပသော ထိုင်ဝမ်ရွေးကောက်ပွဲတွင်အမတ်ဦးရေ ၁၁၃ ရှိသည့် လွှတ်တော်၌ ကူမင်တန်ပါတီက အမတ်ဦးရေ(၅၂)နေရာဖြင့်အများဆုံးအနိုင်၇ပြီး DPP ပါတီက(၅၁)နေရာ၊ ထိုင်ဝမ်ပြည်သူ့ပါတီက (၈)နေရာ နှင့် တစ်သီးပုဂ္ဂလ ၂နေရာ ရရှိကြသည်။

တိုက်ရိုက်သမ္မတရွေးကောက်ပွဲစတင်သော ၁၉၉၆ခုနှစ်နောက်ပိုင်း သုံးကြိမ်ဆက်တိုက် အနိုင်ရခဲ့သော တိုးတက်သောဒီမိုကရက်တစ်ပါတီ( DPP) သည်ယခုတစ်ကြိမ်လွှတ်တော်တွင် အသာစီးမရရှိသဖြင့် အခက်တွေ့နိုင်သည်ဟု ဆိုသည်။

မစ္စတာလိုင် သည် သမ္မတသက်တမ်းနှစ်ကြိမ် တာဝန်ထမ်းဆောင်ပြီးနောက် တတိယအကြိမ် ထပ်မံထမ်းဆောင်ခွင့်မရှိတော့သောလက်ရှိသမ္မတ ဆိုင် အင်ဝမ် ၏ နေရာကို ဆက်ခံခြင်းဖြစ်သည်။ NN-27 ref:CNA


#ရွေးကောက်ပွဲ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.