(ပြဌာန်းလိုက်သည့် ဥပဒေကိုချိုးဖောက်လျှင် အများဆုံး ထောင်ဒဏ်သုံးနှစ်နှင့် ဒဏ်ငွေ ကိုးရီးယားယွမ် သန်း ၃၀အထိ ပြစ်ဒဏ်ချမှတ်ခံ၇မည်)
တောင်ကိုးရီးယားလွှတ်တော်သည်တောင်ကိုးရီးယားနိုင်ငံတွင် နှစ်ပေါင်းများစွာ အစဉ်အလာ ဖြစ်နေသောခွေးသားစားသုံးခြင်းနှင့် ရောင်းချနေခြင်းကို ပိတ်ပင်လိုက်သည့်ဥပဒေတစ်ရပ်ကို လွန်ခဲ့တဲ့ အပတ် အင်္ဂါနေ့ကပြဌာန်းလိုက်ပြီဖြစ်သည်။
ခွေးသားစားသုံးခြင်းဖြင့်ကိုယ်ခံအားကောင်းသည်ဆိုသော အယူအဆကြောင့် ကိုးရီးယားတွင်ရှေးနှစ်ပေါင်းများစွာကတည်းက ခွေးသားစားသုံးသည့်ဓလေ့ ဖြစ်ထွန်းနေခဲ့သည်။
သို့သော်ယနေ့အချိန်အခါတွင် ခွေးသားစားသုံးမှု နှင့် ရောင်းချနေမှုအပေါ် ဝေဖန်မှုများ မြင့်တက်လာသလို ခွေးများကိုအိမ်မွေးတိရစ္ဆာန်အဖြစ် မွေးမြူသူလည်းများပြားလာခဲ့သည်။
ခွေးသားစားသုံးခြင်းကိုအသက်အရွယ်ကြီးသော ရှေးကိုးရီးယားလူမျိုးအချို့သာ ပြုလုပ်ကြပြီးယနေ့ခေတ်တွင် ခွေးများ သတ်ဖြတ် ရောင်းဝယ်နေကြခြင်းကို ဝေဖန်ကန့်ကွက်မှုများမြင့်တက်လျှက်ရှိသည်။
အထူးသဖြင့်ခွေးခြောက်ကောင် နှင့် ကြောင် ရှစ်ကောင် မွေးထားသော လက်ရှိသမ္မတ ယွန်းဆွပ်ယိုးလ် နှင့် အိမ်မွေးတိရစ္ဆာန်သတ်ဖြတ်ရောင်းဝယ်မှုကို ဆန့်ကျင်နေသောသမ္မတကတော် ကင်ကွန်ဟီးတို့ လက်ထက်တွင် ခွေးသားစားသုံးမှု ပိတ်ပင်ရေးလှုံ့ဆော်မှုများ ကျယ်ပြန့်လာခဲ့သည်။
ခွေးသားစားသုံးမှုနှင့် ရောင်းချမှု ပိတ်ပင်ရေး ဥပဒေကို လက်ရှိအာဏာ၇ပါတီက လွှတ်တော်သို့တင်သွင်းခဲ့ရာ အမတ်အားလုံး၏ ထောက်ခံမှု ရရှိပြီး အတည်ပြုခဲ့ခြင်းဖြစ်သည်။
ယခုပြဌာန်းလိုက်သည့်ဥပဒေကို ချိုးဖောက်လျှင် အများဆုံး ထောင်ဒဏ်သုံးနှစ် နှင့်ဒဏ်ငွေ ကိုးရီးယားယွမ် သန်း ၃၀ အထိ ပြစ်ဒဏ်ချမှတ်ခံရမည်ဟု သိ၇သည်။
NN-27
ref: Bangkok Post