Preview

ဘင်္ဂလားဒေ့ရှ် အထည်ချုပ်လုပ်ငန်းပို့ကုန်မှ ဝင်ငွေ ဒေါ်လာ ၄၇ဒသမ ၃၈ ဘီလီယံအထိ စံချိန်တင်ရရှိ

ဇန်နဝါရီ ၁၈/ ၂၀၂၄ | ကြည့်ရှုသူ :1495
နိုင်ငံတကာ သတင်း

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ၂၀၂၃ ခုနှစ်အတွင်းအထည်ချုပ်လုပ်ငန်းတစ်ခုတည်းမှ ပို့ကုန်ဝင်ငွေစုစုပေါင်း ဒေါ်လာ ၄၇ ဒသမ ၃၈ ဘီလီယံ ရရှိခဲ့သည်ဟု သိရှိ၇သည်။

ဘင်္ဂလားဒေ့ရှ်ပို့ကုန်မြှင်တင်ရေးဗြူရို၏ ထုတ်ပြန်ချက်အ၇ယခုဝင်ငွေမှာ ယမန်နှစ်ကထက် ၁၀ ဒသမ ၂၇ ရာနှုန်း ပိုများသည်ဟု ဆိုသည်၏။

အထည်ချုပ်ပို့ကုန်မှ ရရှိသော ဝင်ငွေ နှင့် အခြားပို့ကုန်များမှရရှိသော ဝင်ငွေမှာ ၂၀၂၂-၂၃ ဘဏ္ဍာနှစ် အတွင်း စုစုပေါင်း ၅၅ ဒသမ ၅၆ ဘီလျံအထိ ရှိခဲ့သည်ဟု ဆိုသည်။

ဘင်္ဂလားဒေ့ရှ် အထည်ချုပ်ပို့ကုန်ဝင်မှာ ပို့ကုန်ဝင်ငွေအားလုံး၏ ၈၄ ဒသမ ၅၈ ရာခိုင်နှုန်းရှိသည်။

“ ဒါဟာ ကျဆင်းနေတဲ့ ကမ္ဘာ့ကုန်သွယ်ရေး နဲ့ ခက်ခဲကြမ်းတမ်းတဲ့ ကာလတစ်ခုကို ဖြတ်သန်းနေတဲ့ အချိန်မှာရရှိတဲ့ ထူးခြားတဲ့ အောင်မြင်မှုတစ်ခုပါပဲ” ဟု ဘင်္ဂလားဒေ့ရှ် အထည်ချုပ် လုပ်ငန်းရှင်များ နှင့်တင်ပို့သူများအသင်းဥက္ကဌ ဖာရွတ် ဟာဆန်က ပြောကြားခဲ့သည်။

NN-27

Ref:Daily Star


#ဘင်္ဂလားဒေ့ရှ်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.