Preview

တရုတ်နိုင်ငံအနောက်တောင်ပိုင်းတွင် မြေပြိုမှု ဖြစ်ပွါးပြီး လူ ၃၁ဦးသေဆုံး

ဇန်နဝါရီ ၂၄/ ၂၀၂၄ | ကြည့်ရှုသူ :1088
နိုင်ငံတကာ သတင်း

တရုတ်နိုင်ငံအနောက်တောင်ပိုင်း တောင်ထူထပ်သည့် ယူနန်ပြည်နယ်၊ ကျန်ရှင်းဒေသတွင်ပြီးခဲ့သည့် တနင်္လာနေ့ အရုဏ်တက်ချိန်က မြေပြိုမှုဖြစ်ပွါးရာသေဆုံးသူ ၃၁ ဦး ရှိပြီဟု တရုတ်အစိုး၇သတင်းဌာန က ကြေညာသည်။

မြေပြိုမှုကြောင့်နေအိမ် ၁၈လုံး မြေကြီးဖုံးလွှမ်း ပျက်စီးခဲ့ပြီး ကယ်ဆယ်ရေးလုပ်သားများကအသက်ရှင်ကျန်ရစ်သူများကို အပျက်အစီးများအကြား ရှာဖွေနေဆဲဖြစ်သည်ဟုသိ၇သည်။

အဆိုပါဒေသတွင်နှင်းများထူထပ်စွာ ဖုံးလွှမ်းနေသဖြင့် ကယ်ဆယ်ရေးအဖွဲ့ဝင် ၂၀၀မှာရှာဖွေကယ်ရေးကို ခက်ခက်ခဲခဲ လုပ်ဆောင်ခဲ့၇သည်။ မြေပြိုမှုဖြစ်ပွါးပြီး၃၆ နာရီအကြာတွင် သေဆုံးသူ လူ ၃၁ ဦးရှိပြီဟု ဆင်ဟွာသတင်းကဖော်ပြပြီး ရှာဖွေမှုများ ဆက်လက် ပြုလုပ်နေဆဲဖြစ်သည်ဟုဆိုသည်။

မြေပြိုမှုမှာမတ်စောက်သော တောင်ကမ်းပါးယံပြိုကျမှုကြောင့် ဖြစ်ကြောင်း အဆိုပါဒေသရှိတာဝန်ရှိ ပုဂ္ဂိုလ်တစ်ဦးက ပြောကြားသည်။

 NN-27

ref:Dhaka tribune

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.