ဗုဒ္ဓဟူး၊ မေလ ၁၅ရက်၊ ၂၀၂၄

မြန်မာနယ်စပ်အနီး အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီးနောက် မူးယစ်ဆေးပြား ၂ ဒသမ ၅သန်းကို ထိုင်းစစ်သားများ ဖမ်းဆီးရမိ


  • ရေးသူ: Web Master (NN 27)
  • | ရက်စွဲ: ၂၉ ဇန်နဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 1.4k

မြန်မာနယ်စပ်အနီးတွင် တနင်္ဂနွေနေ့ နံနက်ပိုင်းက မူးယစ်ဆေးဝါးမှောင်ခိုသူများ နှင့် ထိုင်းစစ်သားများ အပြန်အလှန်ထိတွေ့ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် မက်သမ်ဖက်တမင်း မူးယစ်ဆေးပြား ၂ ဒသမ ၅သန်းကို ထိုင်းစစ်သားများက ဖမ်းဆီးရမိခဲ့ကြောင်း ဘန်ကောက်ပို့စ်သတင်းစာက ဖော်ပြသည်။

ထိုင်းတပ်ဖွဲ့မှ ဒုတိယတပ်မှူး ဗိုလ်မှူးကြီး ကစ်ဒါကွန် ချန်ထရာက တစ်အိတ်လျှင် မူးယစ်ဆေးပြား ၁၀၀၀၀၀ ပါသည့် ကျောပိုးအိတ် ၂၅ လုံးကို ဖမ်းဆီးရမိခဲ့ကြောင်း၊ တနင်္ဂနွေနေ့ မနက်ပိုင်းက ထိုင်းစစ်သားများ နှင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီးနောက် အဆိုပါ မက်သမ်ဖက်တမင်း ဆေးပြားအိတ်များကို မူးယစ်ဆေးမှောင်ခိုသူများက ထားပြီးထွက်ပြေးသွားကြောင်း ပြောကြားခဲ့သည်။

မနက် ငါးနာရီခွဲအချိန်ခန့်တွင် မူးယစ်ဆေးသယ်ဆောင်လာသူများက ပန်တုန် နယ်စပ်ကို ဖြတ်ကျော်ပြီး ထိုင်းနယ်မြေအတွင်း ဝင်ရောက်လာကြောင်း၊  အမှတ် ၄ မြင်းတပ်က အကြောင်းကြားသဖြင့် သွားရောက်တားဆီးစဉ် နှစ်ဖက်ပစ်ခတ်မှု ၁၀မိနစ်ကြာဖြစ်ပွားခဲ့ပြီးနောက် မူးယစ်မှောင်ခိုသူများ ထွက်ပြေးသွားစဉ် အဆိုပါမူးယစ်ဆေးပြားအိတ်များ ကျန်နေသည်ကို တွေ့ရှိခဲ့ရခြင်းဖြစ်သည်ဟု ဆိုသည်။ NN-27/ ref:BK post

ဆက်စပ် သတင်းများ